"ညောင်.....ညောင်.....ညောင်...."
"အား........သားဖြူလေးပြန်လာပြီလား..."
အိမ်ထဲကိုဝင်ဝင်ချင်း.....ကြောင်ဖြူငယ်လေးမှာပြေးပြီးထွက်ကြိုလေသည်......နေစက်ဝန်း..... မှာကြောင်ဖြူလေးမြင်တာနဲ့ပြေးကာပွေ့ဖက်ပွတ်သက်တော့သည်
ကြောင်ဖြူလေးမှာသူ့ကိုလွမ်းကြောင်းပွတ်သပ်ကာပြောနေလေသည်"စက်ဝန်း.... ညကအိမ်ပြန်မအိပ်ဘူးလား"
"အာ....ကိုပိုင်ရောက်နေတာပါလား"
"အင်း....ဆောင်းဖြူလေးဆေးရုံဆင်းရမဲ့နေ့လေ.အဲ့ဒါ ဖုန်းဆက်တာမင်းကမကိုင်လို့ကိုယ်သွားကြိုလာတာ"
"ကျေးဇူးပါ.....ဖုန်းကညကဘယ်ရောက်သွားမှန်းမသိလို့"
"အွန်း.....ကိုယ်ပြန်တော့မယ်"
"ဟုတ်ကဲ့.... ကျေးဇူးပါ..... တာဝန်ကျေလိုက်ပါအုံး "
"မင်းမပြောလည်းကိုယ်ကကျေပြီးသားပါ"
ပြောပြီးထွက်သွားတဲ့ကျောပြင်ကိုကြည့်ကာခနနေတော့....အိမ်ထဲသို့ကြောင်လေးပွေ့ကာဝင်သွားလေသည်ကြောင်ဖြူလေးကိုကြည့်ရင်း....နေစက်ဝန်း လူတစ်ယောက် ကိုလွမ်းမိသည်
"နေယွန်း....နေယွန်း "
(နေယွန်း ဆိုတာနေစက်ဝန်းရဲ့ငယ်နာမည်ပါ)
"အယ်သီဟ...လက်ထဲကကြောင်လေး"
"အင်းမင်းအတွက်...ငါ့အကိုကိုပူစာပြီးဖမ်းခိုင်းထားတာ"
လက်ထဲကိုထည့်ပေးတဲ့ကြောင်ငယ်လေးကိုကြည့်ရင်းအရမ်းပျော်မိသည်....သူ့ရဲ့တစ်ခြားလူကပေးတဲ့ပထမဆုံးလက်ဆောင်"မင်းကြိုက်ရဲ့လား..."
"ငါအရမ်းကြိုက်တယ်...သီဟကျေးဇူးပါ"
"မလိုပါဘူး.. ဒါနဲ့ငါတို့နာမည်ပေးရအောင်"သီဟဘေးသို့ဝင်ထိုင်ပြီး ပြောလိုက်လေသည်
"နာမည်....နာမည်က ဘယ်လိုပေးရမလဲ "
"ငါစဥ်းစားထားတာရှိတယ်....သူ့ကမင်းအကြိုက်ဆုံးအဖြူရောင်လေ...ပြီးတော့မင်းကနှင်းဆီဖြူကိူအရမ်းကြိုက်တယ်ဆိုတော့.....နှင်းနဲ့ပတ်သတ်တာကဆောင်း.....ဆောင်းဖြူလေးလို့ပေးရင်ရော""ဆောင်းဖြူလေး....အရမ်းကောင်းတယ်....ဟီးဟီး "
"ညောင်......ညောင်....ညောင်...."
"အယ်....သီဟကြည့်ပါအုံးသူသဘောကျတယ်ထင်တယ်ပွတ်သတ်နေတာများ......ဟား....ဟား..."ရှစ်နှစ်အရွယ်ကောင်လေးနှစ်ယောက်ကိုမျက်လုံးထဲပြေးမြင်ယောင်ရင်း....မျက်ရည်တစ်စက်ကဘယ်ဘက်မျက်လုံးမှစီးကျသွားသည်