နေစက်ဝန်း တို့ကုတင်ပေါ်မှာလက်တော့ကိုယ်စီနဲ့အလုပ်လုပ်နေတုန်း...ပိုင်ထက်သူ တံခါးလာခေါက်လေသည်
"နေစက်ဝန်း ရေ....ငါပါ..."
"ဝင်ခဲ့ရတယ်......ပိုင်ထက်သူရေ"
"အစ်ကို...တည်မြတ်မင်းနွယ် လည်းရှိနေတာပဲ"
"ငါ့ကိုကိုကအမြဲငါနဲ့ရှိနေတာလေ"
နေစက်ဝန်း ရဲ့ပက်ကနဲပြန်ပြောလိုက်တာကြောင့်
ပိုင်ထက်သူ နင်သွားသည်"အေးပါ... ငါမှားပါတယ်...ဟိုဟာ....
ငါတို့စကားပြောရအောင်လေ"ပိုင်ထက်သူ မှာမျက်နှာရိပ်မျက်နှာကဲပြကာပြောလိုက်တာမို့
ဒါကိုမြင်တဲ့တည်မြတ်မင်းနွယ်က..... မျက်မှောက်ကြုတ်သွားသည်
"ကိုကို...ကလေးသွားလိုက်အုံးမယ်"
"........."
တည်မြတ်မင်းနွယ် ဘာမှမပြောပဲ နေစက်ဝန်း ကို ...စိုက်ကြည့်နေသည်
"အာ...ကိုက်ိုကလည်း....မျက်ခုံးနှစ်ခုကထိတော့မယ်
ကြည့်ပါအုံး...လာလာ...မျက်ခုံးလေးပြေသွားအောင်...အာဘွား ပေးရမယ်...မွ.....မွ...မွ... မွ...မွ ရပြီလား""သွားတော့.....ဟိုမှာစောင့်နေတယ်"
"ချစ်တယ်သွားပြီ..."
နေစက်ဝန်း တို့ထွက်သွားတာနဲ့...တည်မြတ်မင်းနွယ် လည်း...စိတ်မပါစွာ...လက်တော့ပိတ်လိုက်သည်
သည်ကောင်းလေးက...အဲ့လိုစိတ်မဆိုးအောင်လည်း
လုပ်တတ်ပါသေးသည်ထို့နောက်မှာတော့...မနေ့ကသူဖတ်တဲ့စာအုပ်ရှိရာစီသွားကာ...နောက်ကစာရွက်လေးတွေကိုဖတ်ဖို့ပြင်လိုက်သည်
"ငါတို့ဘာဆက်လုပ်ရမလဲ....."
ဒက်ဘီ က.. ရောက်ရောက်ချင်း မေးလိုက်သည်
"စာရွက်စာတမ်းတွေ... သက်သေတွေကပြည့်ပြီ...ရဲစခန်း ကိုပို့ဖို့ပဲကျန်တော့တယ်....မင်းရောဘာလုပ်ချင်လည်း..နေစက်ဝန်း "
ပိုင်ထက်သူ ရဲ့အပြောကို...နေစက်ဝန်း ကခနလောက်စဥ်းစားပြီးကာမှ
"ပို့လိုက်....ရုံးတွင်းအစည်းအဝေးပွဲနေ့မှာဖမ်းဖို့ပြောလိုက်"