Clubရှေ့မတ်တပ်ရပ်နေတဲ့သူနားပိုင်ထက်သူသွားလိုက်သည်
"ကိုကို...တစ်ယောက်ထဲလား"
အနားကိုရောက်လာပြီးကိုကိုလို့ခေါ်တဲ့သူကိုထက်ပိုင်
အပေါ်အောက်ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်အရပ်ကလည်းငါ့ထက်ရှည်သေးတယ်ရုပ်ကလည်းငါ့ထက်ကြီးမဲ့ရုပ်ကို့ငါကို..ကိုကိုတဲ့ကြည်သည်းထတာ
"ဘယ်သူက..ကိုကိုလဲ...မင်းကိုယ်မင်းပြန်ကြည့်အုံး...အသက်ကငါ့ထက်ကြီးမဲ့ပုံကိုများ"
ထက်ပိုင်စိတ်ဆိုးဆိုးနဲ့ပြန်ပြောလိုက်သည်
လူကမကြည်ပါဘူးဆို..."ဟော...ကိုကိုအသက်ကဘယ်လောက်မလို့လည်း"
"ငါ့အသက်က ၂၆ပဲဲ ရှိသေးတာ"
"အဲ့ဒါကြောင့်မလိုကိုကိုလို့ခေါ်တာပေါ့...ကျွန်တော်က ၂၄"
"what...ရင့်လိုက်တာ"
ထက်ပိုင် ပါးစပ်ကနေလွှတ်ခနထွက်သွားသည်
"ဘာကြီး"
"ဘာမှမဟုတ်ဘူး...ဖယ်တော့ငါလုပ်စရာရှိသေးတယ်"
ရှေ့ကပိတ်ရပ်နေသူကိုရှောင်ဖယ်ကာသွားဖို့ပြင်လိုက်သည်
"နေပါအုံး...ကိုကို..ကိုကြည့်ရတာသည်လိုနေရာမျိုးမလာဘူးဘူးနဲ့တူတယ်....လူလာရှာတာလား...ချစ်သူလားကောင်လေးလား"
"ငါ့ဘာသာဘယ်သူ့ရှာရှာပေါ့ကွာ...မနှောက်ယှက်ဆန်းနဲ့"
"မနှောက်ယှက်ပါဘူး...ကျွန်တော်ကသည်မှာအလုပ်လုပ်တာမလို့ဘာကူညီပေးရမလဲမေးမလို့ပါ"
"အော်..မင်းကသည်မှာအလုပ်လုပ်တာလား"
"ဟုတ်တယ်..."
"အဆိုမင်းတို့သူဌေးပိုင်ထက်သူကိုသွားခေါ်ပေး"
"အော်သူဌေးကိုလား"
"ဟုတ်တယ် "
"မောင်လိုခေါ်ရင်သွားခေါ်ပေးမယ်"
"မင်း...မင်းဘာစကားပြောတာလည်း"
ထပ်ပိုင်ကြားလိုက်ရတဲ့စကားကြောင့်မျက်နှာဖြန်းခနဲရဲတတ်သွားသည်တစ်သက်နဲ့တစ်ကိုယ်မိန်းမကိစ္စလည်းရှင်းလာပြီးသား
ယောကျာ်း ဆိုဝေးအခု...အခုတော့ယောက်ကျားတစ်ယောက်ဆီကသည်လိုအပြောခံရလိမ့်မယ်လိုတစ်ခါမှမထင်ဘူးဘူး
စိတ်ကူးတောင်မယဥ်ဖူးပေ