"ငါ့သားတွေကတော်လိုက်တာ...ကြည့်ပါအုံး..all Aရတာ...."
"ရှင့်သားချည်မဟုတ်ပါဘူး....ကျွန်မသားလည်းဟုတ်ပါတယ်...."
"ဟုတ်ပါပြီ ...ခင်ရယ်...ကိုယ်တို့ရဲ့သားပါ"
ဧည့်ခန်းထဲမှာ သားနှစ်ယောက်လုပ်သူရဲ့...စာမေးပွဲအဖြေလွှာကိုကြည့်ကာ....ပျော်ရွှင်နေကြသည်....
မိဘနှစ်ပါးလုံးရဲ့ချီးကျူးမှုအောက်မှာ...သီဟစံရာလေးကပျော်ရွှင်စွာရယ်မောနေရင်း....ချမ်းမြေ့စံရာ ကတော့....ပုံမှန်အတိုင်းသာပြုမူလေသည်
ထိုအချိန်မှာပဲ.... အခန်းထဲကို...ခန့်ခွန်းစံရာ ဝင်လာလေသည်
"အကိုကြီး..... အကိုကြီး... သည်မှာကြည့်...သား....All Aရတယ်"
သီဟစံရာ လေးက
မိဘတွေရဲ့ကြားကနေ...ပြေးထွက်ကာ...ခန့်ခွန်းစံရာ ရှေ့စာရွက်ကိုထိုးပြလေသည်ခန့်ခွန်းစံရာ ရှေ့ရောက်လာတဲ့ကောင်းလေးကို.....သေချာစိုက်ကြည့်ကာ...ဘေးကနေရှောင်သွားသည်
သီဟလေးမှာ...လျစ်လျှူရှူ့ခံရတာကြောင့်...မျက်ရည် လေးတွေဝိုင်းသွားသည်
ဒါက်ို...အဖေလုပ်သူဦးလွှမ်းစံရာကမြင်သွားတဲ့အခါ"ခန့်ခွန်း... မင်းဒါဘာလုပ်တာလဲ... ကိုယ့်ညီလေးက....ချစ်လို့သည်လိုပြုမူတာကို...မင်းကမသိကျိုးကျွန်ပြုရလား"
"........."
ဦးလွှမ်းစံရာ အော်သံကို......ခန့်ခွန်းစံရာ မသိချင်ယောင်ဆောင် ကာအိမ်အပေါ်ထပ်.. ကိုတက်ဖို့ပြင်လိုက်သည်
"မင်း.....ဒါဘယ်လိုအပြုအမူလည်း.....ဘယ်မလဲ....မင်း
အဆင့်စာရွက်"ခန့်ခွန်းစံရာ... လှေကားထစ်...၃ဆင့်ကနေအောက်ကိုပြန်ဆင်းလာပြီး. ....အိတ်ကပ်ထဲက ...အဆင့်စာရွက်ကိုပေးလိုက်သည်
ပြီးနောက်ခပ်တည်တည်နဲ့ပဲ....အိမ်ပေါ်သို့တတ်ခဲ့သည်ဦးလွှမ်းစံရာ လက်ထဲရောက်လာတဲ့စာရွက်ကိုဖြန့်ကြည့်လိုက်တော့.....စိတ်တိုလွန်းလို့ သွေးတိုးကာနောက်သို့ယိုင်သွားသည်..
"ယောကျာ်း.... ရှင်ဘာဖြစ်တာလဲ....အဆင်ပြေရဲ့လား "
"တောက်.....ခန့်ခွန်းစံရာ မင်း....အောက်ထပ်ကိုဆင်းလာကြည့်....တောက်...."