"ကျစ်....အပြင်မသွားပါနဲ့လို့မှာထားရဲ့နဲ့....သည်ကောင်ကွာ..."
သီဟ ထားခဲ့တဲ့...စာရွက်ကိုလုံးချေပစ်ရင်း...စိတ်တိုစွာ.... ရေရွတ်လိုက်သည်
အိမ်ပြင်ဘက်...လမ်းဝက်ိုတစ်ချက်ကြည့်ရင်း....ခပ်ဆွေးဆွေးကြည့်လိုက်သည်....အကိုချမ်းမြေ့စံရာ ကလဲပြန်မလာသေးဘူး
"ဟူး.....သူ...ဘာမှတော့ဖြစ်မှာမဟုတ်ပါဘူး....."
လိုသူ့ကိုယ်သူပြောကာ...အိမ်ပေါ်သို့တတ်ဖို့ပြင်လိုက်သည်
ထိုအချိန် မှာပဲ
"ဒုန်း.....ဒုန်း....ဒုန်း......နေယွန်း..... သီဟစံရာ တံခါးဖွင့် အုံး....ဒုန်း..... ဒုန်း.....သီဟ...."
တံခါးကိုအသည်းအသန်ထုကာ...အော်နေတာကြောင့်...
နေယွန်း စိတ်တိုကာ တံခါးကိုဆွဲဖွင့်ကာရုပ်တစ်ရက် တံခါးသံကြောင့် နေယွန်းမှာ လန့်သွားပြီး မနက်အစောကြီး သူများအိမ်လာပြီး အော်ဟစ်နေတာကြောင့်
စိတ်ကတိုသွားသည်"ခင်ဗျား လူလိုမသိဘူးလား...သူများအိမ်လာပြီး...အော်ကြီး...ဟစ်ကျယ်နဲ့....."
"သီဟ...သီဟရော....သီဟ...ဘယ်မှာလဲ "
နေယွန်း ရဲ့စကားကိုဂရုမစိုက်ဘဲ...သီဟကိုပဲအသည်းအသန်မေးနေတာကြောင့်....နေယွန်း....ပိုစိတ်တိုလာသည်
"မရှိဘူး... ခင်ဗျား ပြန်တော့"
ပြောကာတံခါးကိုဆွဲပိတ်လိုက်သည်
ဒါပေမဲ့ တံခါးမှာ ပိတ်မသွားပဲ....ခန့်ခွန်းစံရာ ရဲ့
လက်ကြောင့်....ပွင်မြဲတိုင်းပွင့်စေသည်"ခင်ဗျား.... ကျွန်တော် ရဲခေါ်လိုက်ရမလား....အားနေလား..."
"ငါ...ငါတောင်းပန်ပါတယ်..... သီဟစံရာ ကိုခေါ်ပေးပါ"
တစ်ဖက်လူ ရဲ့....တောင်းပန်စကားကြောင့်......နေယွန်း မှာ....မျက်လုံးလေးဝင့်ကာ...အံ့သြသွားသည်
တစ်ဖက်လူကို အခုမှသေချာကြည့်မိတော့
အဝတ်အဖြူ၌ချွေးများကပ်နေပြီး....ဆံပင်မှာဖရိုဖရဲဖြစ်နေကာ...ခြေဖဝါးတို့၌ဖိနပ်မပါပေ
တစ်ဖက်လူရဲ့အခြေအနေကြောင့် နေယွန်း....စိတ်ကိုတစ်ထစ်ချော့ချလိုက်သည်