ခန့်ခွန်းစံရာ ဆေးရုံအပြင်ဘက်ခနသွားပြီး
အပေါ်ထပ်ကိုပြန်တတ်လာခဲ့သည်အခန်းထဲဝင်တော့...ကုတင်ပေါ်က
ကောင်လေးကသတိရနေပြီတိတ်ဆိတ်စွာထိုင်နေသည်"ဦးလေး.....သတိရပြီဆို...နေတဲ့နေရာမေးပြီးလိုက်ပို့ပေးလိုက်"
"သခင်လေး ဟိုဟာ.....သူကဘာမှမဖြေဘူး...ဘာမေးမေး"
driver လုပ်သူရဲ့စကားကြောင့်ခန့်ခွန်းစံရာ...မျက်မှောက်ကြုတ်လိုက်သည် ထို့နောက် သူအနားကိုသွားကာ
"ကောင်လေး မင်းဘယ်မှာနေတာလဲ....ကိုယ်ကိုပြော"
"........"
ကောင်လေးကပါးစပ်ပိတ်မြဲပိတ်နေတာကြောင့်
ခန့်ခွန်းစံရာ ခြိမ်းခြောက်လိုက်သည်"မင်းမပြောဘူးဆိုရင်...အိမ်.လိုက်ပို့လို့မရဘူး...ဆေးရုံးမှာတစ်ယောက်ထဲထားခဲ့မယ်"
ခန့်ခွန်းစံရာ ရဲ့စကားကြောင့်ကောင်လေးကမော့ကြည့်လာသည်
ထို့နောက်မှာ"ကျွန်တော် မှာအိမ်မရှိဘူး"
"ဟမ်"
"သွားစရာနေရာမရှိဘူး"
တည်ငြိမ်စွာပြန်ဖြေလာတဲ့လူကြောင့်
ခန့်ခွန်းစံရာ အကြံတစ်ခုပေါ်လာသည်"မင်းမှာနေစရာမရှိဘူးလား"
ကောင်လေးကခေါင်းလေးငြိမ့်ကာ...ပြောလိုက်သည်
"ဒါဆိုကိုယ်နဲ့လိုက်နေမလား"
ထိုစကားကြောင့် ကောင်လေးရော...driver
ဦးလေးပါအံ့သြစွာမော့ကြည့်လိုက်သည်"သခင်လေး"
driverပြောမဲ့စကားကိုခန့်ခွန်းစံရာလက်နဲ့ကာလိုက်သည်
"မင်းဘယ်လိုသဘောရလဲ"
"ကျွန်တော်.....ကျွန်တော်"
ဖြေရခက်နေတဲ့ကောင်လေးကိုကြည့်ကာ..
.ခန့်ခွန်းစံရာ ပြောလိုက်သည်"ကောင်းပြီ...မင်းလိုက်ခဲ့မယ်လို့ကိုယ်ဆုံးဖြတ်ချက်ချလိုက်ပြီ"
"ဦးလေး....သူ့ရဲ့ပစ္စည်းတွေသိမ်းပေးလိုက်"
"ဟုတ်... သခင်လေး "