"Joe...ငါသွားစရာရှိတယ်....အဲ့ဒါ မင်းကုမ္ပဏီမှာလုပ်စရာရှိတာလုပ်ထား...ငါနောက်လိုက်ဖို့မလိုဘူး......"
ခန့်ခွန်းစံရာ ကားသော့ကိုကိုင်ကာမတ်တပ်ရပ်နေတဲ့Joeကိုပြောလိုက်သည်
"boss...ကဘယ်ကိုသွားမှာလည်း"
"မင်းသိစရာမလိုဘူး.....အလုပ်သာဂရုစိုက်"
Joe...ဆက်ပြီးမေးချင်ပေမဲ့....အလျင်လိုနေတဲ့bossကြောင့်လက်လျော့လိုက်ရသည်
"ကောင်းပါပြီ.... ဂရုစိုက် သွားပါboss"
"အင်း...."
ခန့်ခွန်းစံရာ.... လက်ကိုက်အိတ်အမဲနှစ်လုံးကိုဆွဲကာ.
...ကားမောင်းထွက်သွားသည်Joe...အဆောက်အဦးမှန်တွေကနေတစ်ဆင့်
မတ်တပ်ရပ်နေကြည့်မိသည်စိတ်ထဲမှာလည်း...ခံစားချက်မကောင်းဘူး
မနက်ကအလုပ်အခန်းထဲဝင်တော့...စားပွဲပေါ်မှာတင်ထားတဲ့အိတ်နှစ်လုံးတွေ့လို့ဖွင့်ကြည့်တော့
ငွေသားတွေထည့်ထားတာသူတွေ့သည်
အခုလည်း......bossက....အဲ့အိတ်ကိုယူပြီးထွက်သွားတာ..
.ဘယ်သွားတာလည်း....အဲ့ငွေတွေကလည်းဘာလုပ်ဖို့လည်းစိတ်တွေကတစ်စတစ်စလေးလံလာပြီး...
နောက်ဆုံးJoe.. ဘာဖြစ်ဖြစ်ဟုတွေးကာ
နောက်ကလိုက်သွားဖို့...Joeဆုံးဖြတ်လိုက်သည်Joe...ခန့်ခွန်းစံရာ ရဲ့ကား
နောက်ကနေတိတ်တစ်ဆိတ်လိုက်လာတာ....
လူပြတ်တဲ့နေရာ......မြို့အစွန်တောင်ရောက်နေပြီ
ခန့်ခွန်းစံရာ ရဲ့ကားကရပ်မဲ့ပုံမပေါ်သေးကြည့်ရတာ bossငါလိုက်လာတာမရိပ်မိဘူးထင်တယ်
အဲ့ဒါတွေကိုကစိတ်မချရတာ...
သူ့နေရာမှာ....တစ်ခြားလူဆိုဘယ်လိုလုပ်မလည်း
သည်ချစ်ရသူကြောင့်ခက်ပြီခန့်ခွန်းစံရာ ရဲ့ကားလေးက...လမ်းမကြီးပေါ်ကနေ
ဘေးဘက်လမ်းအချိုးထဲကွေ့ကာဝင်သွားသည်
အဲ့ဘက်ကို.joeလမ်းကြည့်လိုက်တော့
စက်ရုံပျက်ကိုလှမ်းမြင်ရသည်
အပြက်ဘက်ကနေလှမ်းကြည့်တာတောင်ခြောက်ခြားစရာကြီးbossဘာတွေလုပ်နေတာလည်း...
Joe...ဘေးကသစ်ပင်ကြီးတစ်ပင်အကွယ်မှာကားကိုရပ်ကာ...
ခန့်ခွန်း စံရာအလာကိုစောင့်နေတော့သည်.....
စိတ်ထဲမှာလဲ...သူတွေးနေတာမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိသည်