part 20

152 8 3
                                    

အဆောက်အဦးရဲ့ဒုတိယထပ်ကိုနေစက်ဝန်းယောင်တောင်ပေါင်တောင်နဲ့ပါသွားသည်

"ထိုင်....အဲ့မှာ"

ခန့်ခွန်းစံရာ
နေစက်ဝန်း ကိုရုံးခန်းထဲကဆိုဖာပေါ်ခနပို့ထားပြီး
စားပွဲနားသို့သွားကာ

"ရုံးခန်းထဲအအေးနှစ်ခွက်ပို့ပေး....လိမ္မော်ရည်...ယူခဲ့"

ခန့်ခွန်းစံရာ ဖုန်းကနေတစ်ဆင့်မှာပြီး ဆိုဖာနားပြန်လာခဲ့သည်

"အစ်ကိုခန့်ခွန်းရုံးခန်းကအကျယ်ကြီးပဲ"
နေစက်ဝန်း အံ့သြသလိုဆိုလာသည်

"အင်း....ကျယ်လား"
"အင်း....အကို့ခန့်ခွန်း ကဘာအလုပ်လုပ်တာလည်း"
"ဟမ်....ဘာအလုပ်လို့ထင်လည်း"
"မသိဘူးလေ...ပြောပြမှသိမှာပေါ့"
"ကိုယ့်နာမည်... ခန့်ခွန်းစံရာ "
"ဟာ...နာမည်နဲ့...အလုပ်ဘာဆိုင်.....အာ..."

နေစက်ဝန်း စဥ်းစားသလိုခနလုပ်ပြီး...ပါးစပ်ကိုလက်နဲ့ပိတ်ကာ
"အား...ဒါဆို...အစ်ကိုက"

"ဒါပေါ့..အခုမှသိတာလား"
"မထင်ရဘူး...ကျွန်တော်ကရွှေထုပ်ကြီးကောက်ရထားတာပဲ"
"ဟား....ဟား...."

နေစက်ဝန်း ရဲ့ချစ်စဖွယ်အမူအရာများကိုကြည့်ကာ
သဘောကျစွာရယ်နေတော့သည်
ထိုအချိန်မှာပဲ

"ဒေါက်....ေဒါက်....boss...ကျွန်တော်ပါJOE"
"အေ...ဝင်ခဲ့လေ"

bossလုပ်သူရဲ့ခွင့်ပြုချက်ကြောင့်
Joe...ရုံးခန်းထဲဝင်လာတော့...ခေါင်းဖြူဖြူကိုလှမ်းမြင်လိုက်ရသည်....ထိုလူကိုမြင်မြင်ချင်း
joe....မျက်နှာမဲ့သွားသည်....ကျစ်...သည်ကောင်ဘာလာလုပ်တာလည်း
Joe...နေစက်ဝန်း ကိုမလိုတဲ့အကြည့်နဲ့ကြည့်နေတာကို..
နေစက်ဝန်း ကတော့မသိချင်ယောင်ဆောင်ကာအပြုံးမပျက်ပြုံးပြလိုက်သည်....အဲ့လောက်နဲ့မတတ်လာနဲ့ကလေး

"ဒီမှာနေစက်ဝန်းရောက်နေတာလေ..
...အလုပ်လာလျှောက်တာတဲ့"
"ဟုတ်"

ဟမ့်....club..ပိုင်ရှင်ကအလုပ်လျှောက်စရာလိုလို့လား
သူ့မိဘတွေကသေနေလို့လား....ပိုက်ဆံတွေက.....အရူးကွက်တွေ...သည်ကောင်ဘာကြံ​ေနတာလဲ.....ထိုအတွေးတွေကိုတော့joeထုတ်မပြောမိ
အခုတောင်bossကပျော်နေတာမှတ်လား
...ပြီးတော့bossက....ကျစ်
စုံစမ်းလို့ပေါ်ရင်တော့အသေပဲနေစက်ဝန်း

ကိုယ့်ရဲ့စက်ဝန်းWhere stories live. Discover now