"ဘာများအလိုရှိလည်းဗျ"
ပိုင်ထက်သူ..ရှေ့ကလူကိုမေးလိုက်သည်
သည်ရှေ့ကလူသာမရှိခဲ့ရင်...နေယွန်း ကလက်စားချေမည်မဟုတ်...လက်စားမချေတော့ငါစိတ်မပူရဘူး...အဲ့အချိန်ကြရင်ငါနိုင်ငံခြားမှာ..coffee shopဖွင့်ပြီးညကြရင်..clubတတ်
အရမ်းကိုငြိမ်းချမ်းနေမှာအခုတော့"သည်နေ့ phoenix မလာဘူးလား"
"ဟုတ်ကဲ့.. သည်နေ့ကသူ့နေ့မဟုတ်ဘူးဗျ...မနက်ဖြန် မှသူလာမှာ"
ပိုင်ထက်သူ ရှေ့ကလူကိုရိုရိုသေသေနဲ့ပြန်ဖြေလိုက်သည်"အမ်း....ဘယ်လိုလုပ်ရမလဲ ငါသူရှိနေတာသိတယ်"
"သိတယ်ဆိုဖုန်းဆက်လိုက်လေ..."
ရှေ့ကလူကိုအမြင်ကပ်ကပ်နဲ့ပြန်ပြောလိုက်သည်
စိတ်ကမကြည့်ပါဘူးဆို.....သူကသိတယ်လေးဘာလေးနဲ့"ထားလိုက်တော့....သူ..အခုမှပြန်ရောက်တာလား"
"ဟုတ်တယ်...သူခရီးပန်းလို့နားနေတယ်"
"မနက်ဖြန် မှလာတော့မယ်...."
"ဟုတ်ကဲ့ အဲ့ဒါ ဆိုပိုအဆင်ပြေတာပေါ့"
"မင်းကြည့်ရတာကိုယ့်ကိုမကြည်ဘူးနဲ့တူတယ်"ခန့်ခွန်းစံရာ ရှေ့ကလူကိုမေးလိုက်သည်
အစပိုင်းက...ရိုသေသလိုလိုနဲ့နောက်စကားပြောရင်းဘုကလန့်ဖြစ်သွားတာ"ခင်ဗျား ကိုမကြည်တာမဟုတ်ဘူး..."
"ထားပါဘယ်သူကိုပဲကြည်ကြည်...မကြည်ကြည်...ကိုယ်သွားပြီ...နေစက်ဝန်း လေးကိုလာသွားတယ်ပြောပေး"
"ပြီးရော"ဘယ်လိုဟာလေးတွေလည်းမသိဘူးသူငယ်ချင်းနှစ်ယောက်လုံးအစွာလေးတွေ...အင်း...နေစက်ဝန်း ပိုပြီးချစ်ဖို့ကောင်းတယ်.
နေစက်ဝန်း ရဲ့...သူငယ်ချင်း ဖြစ်နေလို့ပေါ့...မဟုတ်ရင်...ထားပါလေ...ငါကလူကောင်းပဲဟာ...ခွင့်လွတ်ပါတယ်လေပိုင်ထက်သူ
ခန့်ခွန်းစံရာ ထွက်သွားတာသေချာပြီဆိုကာမှ
သက်ပျင်းချလိုက်သည်
ငါသူတို့ကြောင့်ရူးမယ်🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
နေစက်ဝန်း ခန့်ခွန်းစံရာ ရဲ့နေစဥ်မှတ်တမ်းကို ကြည့်လိုက်တော့
"လက်နက်တင်ship...အဖမ်းခံရခြင်း"
နေစက်ဝန်း အသံထွက်ဖတ်လိုက်သည်
ဒက်ဘီ ကသည်လိုနေရာတွေဆိုအရမ်းတော်သည်...ရဲတွေတောင်မသိတဲ့အရာမှန်သမျှသူသိသည်...ဒါကြောင့်မို့လဲ...သူကခန့်ခွန်းစံရာရဲ့လုပ်ဆောင်မှုတွေကိုစောင့်ကြည့်တာပေါ့
သူမတော်တာဆိုလို့မြန်မာစကားကိုလိမ့်ပတ်လည်အောင်မပြောတတ်ခြင်းသာ