သီဟစံရာ ပြေးနေရာကနေရင်း
နောက်ကလှမ်းဆွဲတာကိုခံလိုက်ရသည်"သီဟ....ဘာလို့...ဘာလို့မတရားပြေးရတာလည်း..."
"ဟင့်....လွှတ်ပါ.....လွှတ်.."
ခန့်ခွန်းစံရာ သူ့ဘက်ကိုလှည့်လာတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာ....လုံးဝကိုကြောင်အ.....သွားစေသည်..
"မင်း....မင်းဘာလို့ငိုနေတာလည်း..."
သီဟစံရာ မှာဘာမှမပြောပဲခေါင်းကိုအသွင်သွင်ယမ်းနေသည်
လက်ကိုလည်းအတင်းရုန်းကာ...ဆောက်တည်ရာမရဖြစ်နေသည်
ခန့်ခွန်းစံရာ ...သီဟစံရာ ကိုကြည့်ကာ...စိတ်မရှည်တော့
"သီဟစံရာ... ကိုယ်မေးနေတယ်လေ!!!! "
ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ...ခန့်ခွန်းစံရာ အသံမာမာနဲ့မေးလိုက်သည်.....
"ဟီး.... ဟီး....ကျွန်တော့်ကိုလွှတ်.....
ကျွန်တော်...တစ်ယောက်ထဲနေပါရစေ"ပြောရင်း....မျက်ရည်ပေါက်ကြီးငယ်ကျကာ...
ငိုယိုနေတဲ့...ကောင်လေးကြောင့်....
ခန့်ခွန်းစံရာ ရဲ့နှလုံးသားကနာကျင်ရသည်
အမေ မတူအုံးတော့...ငယ်ငယ်ထဲကစောင့်ကြည့်လာရတဲ့
ကောင်လေးကို...သည်လိုခံစားနေရတာ...ဘယ်လို
ကြည့်နိုင်ပေါ့မလဲခန့်ခွန်းစံရာ....သက်ပြင်းရှည်ရှည်ချလိုက်ပြီး
"ကောင်လေး....ကောင်လေး....ကိုယ့်ကိုကြည့်....မငိုနဲ့တော့နော်... လာ...ဟိုမှာသွားထိုင်ရအောင်"
ခန့်ခွန်းစံရာ ရဲ့...ချော့မော့ပြောဆိုမှုကြောင့်....
အငိုမတိတ်သေးပေမဲ့...စောနကလောက်တော့မငိုတော့ပဲ.နာခံစွာလိုက်သွားသည်...ရှိုက်သံကတော့ထွက်နေဆဲဖြစ်သည်လူရှင်းပြီး....အသွားအလာနည်းတဲ့
ကျောင်းတောင်ဘက်ဖြစ်တာကြောင့်သူတို့ကိုဘယ်သူမှမမြင်ပေသစ်ပင်အောက်ကခုံပေါ်ထိုင်ကာ....သီဟစံရာ စိတ်ငြိမ်အောင်...ခန့်ခွန်းစံရာ ခနစောင့်နေလိုက်သည်
မိနစ်၂၀လောက်ကြာတဲ့အခါမှာ
"ကဲ....ငိုတာရပ်တော့...ကိုယ့်ကိုပြော...ဘာလို့ငိုတာလည်း "