Part 9

207 6 2
                                    

ဟိုက်ပါရေတံခွန် က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ ဟိုက်ပါရွာတွင် တည်ရှိသည့် ရေတံခွန်တစ်ခု နေရာဒေသကလည်းကောင်းမွန်ပြီး
အပန်းဖြေရန်သင့်တော်သောနေရာတစ်ခုဖြစ်သည်

နှစ်ယောက်သား လိုအပ်တာတွေကိုယူပြီးဟိုက်ပါရွာကိုခရီးဆက်ခဲ့ကြသည်.....လမ်းတစ်လျှောက်ကပန်းခင်းတွေ...ရှူ့ခင်းကောင်းကောင်းနေရာတွေကိုမှတ်ရင်းနဲ့
အပြန်ဓာတ်ပုံရိုက်ဖို့နေစက်ဝန်းတွေးထားသည်
တောင်ကြီးကနေကား၆နာရီကျော်မောင်းလာတာတောင်ခရီးကမရောက်သေးပေ
တော်တော်ဝေးတယ်လို့ဆိုရမည် တော်​သေးတာပေါ့စားစာရာတွေဝယ်လာလို့

''ကိုကို....ကားမောင်းရတာပင်ပန်းလား...ပင်ပန်းရင်ကျွန်တော်မောင်းမယ်''
''ရပါတယ်... နေလေးပင်ပန်းရင်အိပ်လေ"
"ဟင့်အင်း.... ကိုကိုတောင်မအိပ်တဲ့ဟာ...ပြီးတော့နေရာလှလှလေးတွေမှတ်ရအုံးမယ်...အပြန်ဝင်ဖို့"
"အင်း....မင်းနဲ့အတူခရီးထွက်ရလို့ပျော်ပါတယ်"
ဘာမဆိုင်ညာမဆိုင်နဲ့သူပျော်တဲ့အ​ကြောင်းကိုဖွင့်ဟလာတဲ့
တည်မြတ်မင်းနွယ်ကိုကြည့်ပြီး.... နေစက်ဝန်း လည်းပေါ့ပါးစွာပြန်ဖြေခဲ့သည်
"ကျွန်တော်ရောပဲ"
စကားပြောလိုက်မောင်းလိုက်နဲ့နောက်ဆုံးဟိုက်ပါရွာဝင်သို့ရောက်လာခဲ့သည်
လမ်းတစ်လျောက်ရိုးရာပစ္စည်းရောင်းဆိုင်တွေအစားအသောက်ဆိုင်တွေကိုပါတွေရသည်...မနက်ခင်း၁၀ နာရီကထွက်လာတာအခုတော့၇နာရီရှိနေပြီ...ရေ​ေဆာ့ဖို့လည်းမဖြစ်နိုင်..ခက်တာကရေတံခွန်မရောက်မှီလယ်ကွင်းပြင်ကြီးကိုဖြတ်ရသေးသည်
မိုးကချုပ်နေပြီမို့အိပ်ဖို့ရာစီစဥ်ရတော့သည်....အင်းအဲ့မှစတော့တာပဲ....တည်းဖို့တည်းခိုခန်းမရှိခြင်းသာ
တည်မြတ်မင်းနွယ် အကျပ်ရိုက်ချေပြီ
ခက်တာကရွက်ဖျင်တဲများသာရှိနေပြန်သည်
ကိုယ်ရဲ့ပေါ့ဆမှုကြောင့်သာ...
နေစက်ဝန်း ကိုကြည့်လိုက်တော့ဘာမှမဖြစ်သလိုပင်

သည်အတိုင်းအိပ်ရင်ကျောတော့နာတော့မည်
ညဘက်လေတိုက်ရင်အအေးပတ်အုံးမယ်
ဟူး..........
စိုးရိမ်စိတ်နဲ့နေစက်ဝန်းကိုကြည့်လိုက်တော့
သည်ကိုမလာမီအသည်းအသန်ထည့်နေတဲ့အထုတ်တစ်ထုတ်
ဘာအထုတ်လည်းဆိုတာမမေးမိဘူး
အခုအဲ့အထုတ်ကိုဆွဲထုတ်လာပြီးရွက်ဖျင်ပေါ်တင်လိုက်လေသည်

ကိုယ့်ရဲ့စက်ဝန်းWhere stories live. Discover now