"ကဲပြီးပြီ...နောက်ခါဒဏ်ရာရရင်းဆေးထည့်ဖို့မမေ့နဲ့"နေစက်ဝန်း ဒူးထောက်ထိုင်နေရာကနေ
ထပြီးပြောလိုက်သည်ကုတင်ပေါ်ကဆင်းပြီးလမ်းလျှောက်ဖို့ပြင်နေတဲ့
တည်မြတ်မင်းနွယ်ကို...လက်ကလှမ်းဆွဲကာနေစက်ဝန်းပြောလိုက်သည်......
"ဟ...ဘယ်သွားမလို့လဲ...အခုမှဆေးထည့်ထားတာ...လမ်းမလျှောက်....အင့်"
ကုတင်ပေါ်ကဆင်းဖို့ကြိုးစားနေတဲ့လူကိုနေစက်ဝန်းလှန်းဆွဲလိုက်ပေမဲ့....အခြေအနေကခြားနားစွာ...တစ်ဖက်လူရဲ့ပြန်ဆွဲယူခြင်းကိုခံရပြီး.....ကုတင်ပေါ်မှအဖိခံလိုက်ရသည်....ရုတ်ချည်ဖြစ်သွားတာကြောင့်ခုခံဖို့သတိမရလိုက်ပေတည်မြတ်မင်းနွယ် ကြာကြာနေရင်ရှေ့ကလူကိုမထိန်းနိုင်ပဲနမ်းမိမှာကြောက်လို့ကုတင်ပေါ်ကဆင်းဖို့လုပ်ပေမဲ့တစ်ဖက်လူကလက်ကိုလာဆွဲတာကြောင့်စိတ်တို့ကထိန်းမရတော့ချေ
အခုဆိုနေစက်ဝန်းကတည်မြတ်မင်းနွယ်နဲ့ကုတင်ကြားရောက်နေသည်....တစ်ဖက်လူကစူးစိုက်စွာကြည့်နေတာကြောင့်
လက်နဲ့ရင်ဖက်ကိုတွန်းကာ...ဖယ်ပေးဖို့စကားဆိုလိုက်သည်"ကို...ကို.....အွတ်"
နေစက်ဝန်း ရဲ့စကားသံတို့ကလေထဲ၌ပျက်လပ်သွားပြီး
နှုတ်ပိတ်ခံလိုက်ရလေသည်
တည်မြတ်မင်းနွယ် စကားပြောတာကိုမစောင့်ပဲ
နှုတ်ခမ်းတို့ကိုဖိကပ်နမ်းလိုက်သည်
နူးညံတဲ့နှုတ်ခမ်း...ချိုမြတယ်...အမ်း....ပျားရည်သကာရည်တို့ထက်ချိုမြတယ်.....
တစ်ဖက်က ....နူးညံတဲ့အရသာလေးကခန္ဓာကိုယ်အနှံ့စီးဆင်းသွားပြီးတည်မြတ်မင်းနွယ် ရနိုင်တာထက်ပိုလိုချင်မိသည်....တွန်းကန်ရုန်းကန်နေတဲလက်တွေကိုလက်တစ်ဖက်ထဲစုကိုင်ပြီးလက်တွေခေါင်းထက်၌နေရာယူစေသည်
ပိတ်နေတဲ့နှုတ်ခမ်းလေးကိူအတော်ကြာစုပ်တွေးပြီး
နယ်ချဲ့ဖို့အတွက်အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်တော့....အ....ဆိုတဲ့ညည်းသံလေးနဲ့အတူပွင့်ဟသွားတဲ့နှုတ်ခမ်းလွှာနှစ်ခု....တည်မြတ်မင်းနွယ် ပွင့်ဟလာတဲ့နှုတ်ခမ်းလေး
ကြောင့်တစ်ချက်ပြုံးကာ...အခွင့်အရေးကိုလက်လွှတ်မခံပဲသူ့ရဲ့လျှာတို့ကိုတစ်ဖက်လူထံကြူးကျော်စေသည်....
တစ်ဖက်လူရဲ့နူးညံတဲ့လျှာဖျားလေးကိုရစ်ပတ်ကာစုပ်ယူရင်း
နူးညံစွာနမ်းရှိုက်လေသည်.....