part 12

175 5 2
                                    

"ကိုကို....."
"နေလေး.....အခုဘယ်မှာလဲ... ကိုယ်စိတ်ပူလိုသေတော့မယ်!!!!!"
တည်မြတ်မင်းနွယ် စိတ်ပူသောလေသံနဲ့မေးလိုက်တယ်
နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘတ်ကသက်သေပင်
"တောင်းပန်ပါတယ် ကျွန်တော်လည်းအခုမှသတိရတာ...အခုဆေးရုံမှာ "
"ဆေးရုံမှာ... နေလေးဘာဖြစ်သွားသေးလည်း..."

"ကိုကို...အရင်ဆုံးစိတ်ကိုလျော့....ကျွန်တော်ဘာမှမဖြစ်ဘူးနော်"
"အင်း....ကိုယ်လာပြီအခုဘယ်ဆေးရုံလည်း"
"အင်း......ဂုဏ်ရောင်ထည်.....ပုဂ္ဂလိက ဆေးရုံ"
"အင်းခနပဲစောင့်နော်"
"ဟုတ် ကိုကို...."
နေစက်ဝန်း ဖုန်းချလိုက်တာနဲ့ .....
တည်မြတ်မင်းနွယ် ဆေးရုံကိုသွားဖို့ပြင်လိုက်သည်
ခြေတစ်လှမ်း...လှမ်းလိုက်တာနဲ့ခြေဖဝါးအောက်က
နာကျင်မှုကိုသူခံစားရလိုက်သည်
"အင့်......."
နာကျင်မှုကြောင့်ငြီးသံတစ်ချက်ထွက်လာကာအောက်ကိုငုံ့ကြည့်လိုက်တော့သွေးတို့ကနေရာအနှံကြည့်ကောင်းဖွယ်ရာမရှိ......သွေးများအိုင်ထွန်းနေသည်
သူမတ်တပ်ရပ်နေသောခြေဖဝါးအောက်ဘက်မှဖန်ခွက်ခွဲစတို့ကများစွာနေရာယူလျက်......

"ကျစ်.....ထက်ပိုင်အခုဘယ်ရောက်ပြီလဲ"
ဖုန်းထုတ်ကာ ထက်ပိုင် ဆီကိုဆက်သွယ်လိုက်သည်

"အင်း....ဆေးထည့်ဖို့ဆေးတွေယူခဲ့"

"အေ...မြန်မြန်လာ"

တည်မြတ်မင်းနွယ် ဖုန်းချကာစိတ်ရှုပ်စွာထိုင်နေမိတော့သည်
သူ့ရဲ့ရောဂါကိုနေလေးသာသိသွားခဲ့ရင်....
အခုလို....ခင်တွယ်ပါအုံးမလား.....
အခုလည်း...ဖန်ခွက်စတွေကိုအသိစိတ်ရှိတဲ့လူသာဆိုရှောင်ဖယ်ကာသွားပေမဲ့...သူ့ရဲ့အသိစိတ်လွတ်မှုကြောင့်သူတောင်မသိပဲနင်းမိသည်....ဟူး......

"ကျေးဇူးတင်ပါတယ်"
နေစက်ဝန်း တစ်ဖက်လူရဲ့လက်ထဲကိုဖုန်းပြန်ထည့်ပေးလိုက်သည်
လက်ထဲရောက်လာတဲ့ဖုန်းကိုကြည့်လိုက်တော့....ဖုန်းနံပါတ် ဖြတ်ထားတာကိုတွေ့လိုက်ရသည်....

"ရပါတယ်.... တတိယတစ်ခါတွေ့ဆုံမှုနော်"
"ဟမ်း.....ဟုတ်ပ....နောက်ခါတော့ကျွန်တော်ကားကိုမရိုက်ခွဲတော့ပါဘူး"
"ဟား.....အင်းပါ"
ရှေ့ကလူနှစ်ယောက်ရယ်မောနေတာကိုကြည့်ရင်းJoeတစ်ချက်တွေးလိုက်သည်

ကိုယ့်ရဲ့စက်ဝန်းWhere stories live. Discover now