Episode 1

4.4K 137 2
                                    


ပျူခေတ်...သာသနာသက္ကရာဇ် ၁၅၁ ခုနှစ် ....

တန်ဆောင်မုန်းလဆန်း ၇ရက်....

၅ပြည်ထောင်(ခေါ် )ရတနာပူရ တိုင်းပြည်၏စည်ကားလွန်းသော ပွဲဈေးတန်းတစ်နေရာ....

နေဝင်ရီတရောအချိန် ဖြစ်သဖြင့် ပွဲဈေးတန်းတလျှောက် ရေနံဆီမီးအိမ်လေးများ ထွန်းညှိထားကြသည်။

ပွဲချိန်ဖြစ်သဖြင့် ရယ်မောပျော်ရွှင်သံများဆူညံနေလျှက် ပွဲဈေးတန်းတွင် ခြေချမရအောင် လူစည်ကားနေ

လေ၏။ ဆိုင်တန်းများထဲမှ ကလေးကစားစရာ ရွှံရုပ်၊ဝါးရုပ်လေးများ ခင်းကျင်းထားသော ဆိုင်၌ ကလေး

များဝိုင်းအုံလျှက်ရှိသည်။ အသက် ၁၂နှစ်ရှိပြီဖြစ်သော်လည်း ကလေးစိတ်မကုန်သေးသော ဗညားသူရ

သည် အရုပ်ဆိုင်ကိုတွေ့သဖြင့် အားတက်သရောပြေးသွားမိသည်။ ထိုစဉ်...

"အင့်...အီး...ရွှတ်.."

"ဟင်!"

ဗညားသူရအပြေးသွားနေစဉ် မြေသားလမ်းနဘေး၌ ဆောင့်ကြောင့်ထိုင်ငိုနေသော ကောင်လေးတစ်

ယောက်၏ငိုသံကြားလိုက်ရသဖြင့် ကိုယ်ရှိန်သတ်လိုက်သည်။ အဖြူရောင်ချည်သားဝတ်ရုံကို ဝတ်ထား

ကာ ပန်းရောင်ဖျင်စခေါင်းပေါင်းဖြင့် အသက်၈နှစ်အရွယ် ဖြူဖြူဖွေးဖွေး ကောင်လေးမှာ ငိုထားသဖြင့်

မျက်နှာတပြင်လုံး နီရဲနေလေပြီ။ ကောင်လေးအနားသို့ ဗညားသူရလျှောက်သွားကာ ဘေး၌ဆောင့်ကြောင့်

ထိုင်ချလိုက်ကာမျက်နှာကိုအနီးကပ်စူးစမ်းကြည့်လိုက်သည်။။တအီအီငိုနေသောကောင်လေးမှာ ချက်ချင်

အငိုတိတ်သွားလျှက် ဗညားသူရကို မဝံ့မရဲမော့ကြည့်လာသဖြင့် မျက်ရည်ဥများခိုတွဲနေသည့်ကြားမှ

မျက်လုံးတောက်တောက်လေးများကို ထင်ထင်ရှားရှားမြင်လိုက်ရလေသည်။

"..ဘာကြောင့်များ ငိုသလဲ?..ညီတော်..."

ဗညားသူရအမေးကြောင့် ကောင်လေးမှာ အံ့ဩသွားကာမျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လိုက်

မဟော်ဂဏီဒေဝီWhere stories live. Discover now