Episode 9

1.4K 68 4
                                    

ဗညားဗြုန်းခနဲလန့်နိုးလာပြီး ရုတ်တရက်ထထိုင်လိုက်မိသည်..။ 

"ဟင်!.."

မှောင်ရီပျိုးနေပြီး ဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်တော့ ကျောက်ဂူလိုလိုတခုထဲ သူရောက်နေ၏..။ 

တရစ်ရစ်မူးနေသော ခေါင်းကိုဖြေးဖြေးချင်းစဉ်းစားရင်း ဗညားသတိရလာသည်။ 

"အိမ်ရှေ့စံ!..."

ဗညားကုန်းရုန်းထရပ်လိုက်ပြီး အနီးအနားမှာ မဟော်ဂဏီကို လိုက်ရှာမိသည်။ဂူအတွင်းဘက်ဝင်သွားပြီး

 ရှာပေမယ့် မတွေ့။

"အိမ်ရှေ့စံ!..."

ဗညားစိုးရိမ်စိတ်ပိုတိုးလာကာခပ်သွက်သွက် လျှောက်ရင်းဂူပေါက်ဝနားရောက်လာသည်။ အပေါက်ဝနား

တွင် ခွေလဲနေသည့်မဟော်ဂဏီကိုတွေ့လိုက်ရသဖြင့်အပြေးတပိုင်းသွားမိသည်။ မဟော်ဂဏီဘေးထိုင်ချ

လိုက်ရင်း ပုခုံးလေးကိုဖွဖွလှုပ်နှိုးကြည့်ပေမယ့် ဘာတုံ့ပြန်မှုမှ မရှိ။ ဗညား ပျော့အိနေသော ခန္ဓာကိုယ်လေး

ကို  စိုးရိမ်တကြီး ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"အိမ်ရှေ့စံ!...."

တကိုယ်လုံးအေးစက်ကာ မျက်နှာတခုလုံးဖြူရော်ရော်ဖြစ်နေလျှက် နှုတ်ခမ်းလေးများ ခြောက်သွေ့နေ၏။

မေးဖျားလေးကို လှုပ်ကြည့်သော်လည်း မျက်လုံးများက ပွင့်မလာ။တိုးလျသောအသက်ရှုသံ ခပ်ဖျော့ဖျော့

ကိုသာကြားရသည်။ဗညားပတ်ဝန်းကျင်ကို လှမ်းကြည့်မိတော့ ရေတကောင်းနဲ့ သစ်ကိုင်းခြောက်များ ပျံ့

ကျဲနေ၏။ရေနှင့်သစ်ကိုင်းများ သွားရှာတာဖြစ်မည်။ မဟော်ဂဏီကိုပွေ့လျှက် ရေတကောင်းနားတိုးသွားပြီး

 ရေတကောင်းကိုဖွင့်ကြည့်မိတော့..ငါးလေးများကိုမတွေ့ရဘဲ ရေကြည်များကိုသာတွေ့ရသည်။

 ရေတကောင်းကို မဟော်ဂဏီနှုတ်ခမ်းနား အသာလေးကပ်လိုက်ပြီး ရေနည်းနည်း တိုက်ကြည့်လိုက်သည်။

တချို့တဝက်ဖိတ်စင်ကျသွားသည့်ရေများကြောင့် မဟော်ဂဏီမျက်ခုံးလေးများ တွန့်ချိုးလာသည်။

မဟော်ဂဏီဒေဝီWhere stories live. Discover now