Episode 16

1.3K 61 0
                                    


"ဘယ်လို?...ပြည့်ရှင်က အကူအညီတောင်းတယ်...ဟုတ်လား ဦးရီးတော်..."

"အင်း...မင်းသားကို မြှားအတတ်ကိုကျွမ်းကျင်တဲ့အဆင့်ထိရအောင် သင်ပေးရမယ်လို့ မိန့်တယ်.."

"ကျွန်တော် ..မသင်ချင်တော့ဘူး ဦးရီး...အဆင်မပြေဘူး.."

ဗညားစိုးရိမ်တကြီးအပြောကြောင့် ဦးရီးတော်ပြုံးလိုက်ကာ....

"အိမ်ကိုလွမ်းနေပီလား...မေဆင့်ကိုသတိရနေပီပေါ့...ဟုတ်လား?...."

"ဟုတ်တယ် ..ဦးရီး..."

"ပြည့်ရှင်မင်းစကားကို ဘယ်လိုငြင်းရမလဲ..."

ဦးရီးအမေးကို ဗညားပြန်မဖြေမိ။သူဒီလောက် ကြိုးစားပြီး ရှောင်နေခဲ့ရတာ..နောက်ဆုံးတော့လည်း

ပြေးမလွှတ်ခဲ့ပါလား။သူတို့ တူဝရီးစကားပြောနေတုန်း မြို့စားမင်းဝင်လာသောကြောင့်

စကားစပြတ်သွားသည်။

"ဘယ်လိုလဲ...ဗညား...ဒီမှာကျန်ခဲ့ရမယ်လို့ ကြားတယ်.."

"ဟုတ်တယ်.. မြို့စားမင်း"

"အိမ်း..ကောင်းတာပေါ့....သမီးတော်ကိုလည်း ထားခဲ့မယ်..မင်းသမီးက ပိုးနီကိုမြတ်နိုးတော်မူတယ်လို့ 

ကြားတယ်...ဟန်ကျတာပေါ့လေ..."

"နှမပိုးနီကို ထားခဲ့မလို့လား...မြို့စား.."

"အေး...ဘာဖြစ်လို့လဲ?...ငါတို့သိချင်တာကို သိအောင်လုပ်ရမှာပေါ့..အခုဘယ်လောက်ဟန်ကျလိုက်သလဲ"

"ဘာမှ မဖြစ်ပါဘူး မြို့စားမင်း..."

"မောင်ရင့် အခြေအနေရော..."

"စုံစမ်းနေတုန်းပါ..မြို့စား.."

"ကိစ္စတွေအကုန်ပြီးစီးရင် ...ပိုးနီနဲ့မင်းနဲ့ လက်ဆက်ဖို့ စီစဉ်ထားတာ သိတယ်မလား..?"

"ဗျာ!.."

ဗညားကို ငယ်စဉ်ကတည်းက အမေခဏခဏပြောပြဖူးပေမယ့် တကယ်လက်ဆက်ပေးမည်ဟု မထင်ခဲ့..။

"အေး...ငါတို့ မခင်ဆင့်နဲ့တိုင်ပင်ထားတာ ကြာပီ...သမီးတော် ၁၈နှစ်ပြည့်ကျရင် လက်ဆက်ပေးမယ်လို့

မဟော်ဂဏီဒေဝီWhere stories live. Discover now