Episode 33

1.2K 62 5
                                    

"ရွှီ....ရွှီ....ရွှီ..."

နန်းဆောင်နား နီးလာလေ အသံက ပိုပီပြင်လာလေ...။ဗညား နန်းဆောင်ထဲသို့ ပြေးဝင်ပြီး ..အိပ်ခန်း

ဆောင်တံခါးကို ဆွဲဖွင့်လိုက်သည်..။

"ဏီ!..."

ခေါင်းရင်း ပြတင်းပေါက်နားတွင် ခရုခွေလေးကိုင်ကာ ရပ်နေသည့် မဟော်ဂဏီ သူ့ကိုအလန့်တကြားလှည့်

ကြည့်လာ၏..။ကိုယ်လုံးလေးကို ဗညားပြေးဖက်ရင်း....ဆံပင်ရှည်များကို တရှိုက်မက်မက်နမ်းရှိုက်

မိသည်..။ရင်ခွင်ထဲမှ ကောင်လေးမှာ ကျောက်ရုပ်လေးပမာ ငြိမ်သက်နေ၏..။

"လွမ်းလိုက်ရတာ..."

"......"

"ဏီ့ကို ..မောင်သိပ်လွမ်းနေလို့ အိပ်မရဘူး..."

"......"

တုံဏှိဘာဝေရပ်နေသည့် ကိုယ်လုံးလေးကို ဗညားရုတ်တရက်ပွေ့လိုက်ကာ...နီညိုရောင် ဖဲအိပ်ရာပေါ်သို့ 

ညင်ညင်သာသာချပေးလိုက်ပြီး အုပ်မိုးကြည့်လိုက်သည်..။မဟော်ဂဏီက ..သူ့ကိုမကြည့်ဘဲ...မျက်လွှာ

ချထားကာ နှုတ်ခမ်းတင်းတင်းစေ့ထားလေ၏။

"မောင့်ကို စိတ်ဆိုးနေတုန်းလား?..."

"........"

"ပြွတ်...."

ဗညားအသည်းယားကာ ငုံနမ်းမိတော့ မျက်လွှာပင့်ကြည့်လာသည်..။

"စိတ်မဆိုးနဲ့တော့..ဏီမရှိဘဲ မောင်..မနေတတ်လို့ပါ.."

"နမ်းဖို့ လာတာ မလား...နမ်းပြီးရင် ပြန်...."

ခပ်ပြတ်ပြတ်ပြောကာ ရင်ခွင်ထဲမှ ကုန်းရုန်းထနေသော ကောင်လေးကို ဗညား စိတ်မရှည်တော့...။

ပုခုံးကိုဆွဲဖက်လိုက်ကာ ရင်ချင်းအပ်လှဲချလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်..။

"ဘာလို့..လူကိုနှင်ထုတ်နေရတာလဲ?..."

မျက်လုံးချင်းမဆိုင်လိုသည့်သဘောဖြင့် မျက်လုံးများကို ခပ်တင်းတင်းပိတ်လိုက်သဖြင့်

ဗညား အသည်းယားသွားကာ...ခပ်တင်းတင်းဖက်ထားလိုက်လေသည်..။

"ဏီ့သဘောအတိုင်းပါ...ဏီ့ကို မောင်ခေါ်သွားမယ်..."

မဟော်ဂဏီဒေဝီWhere stories live. Discover now