Episode 13

1.3K 69 0
                                    

"ဒီလိုဆိုရင် ...မောင်မင်းမာန သေတာ မင်းသမီးကြီးနဲ့ ပတ်သတ်လိမ့်မယ်..."

"ဟုတ်တယ် ဦးရီး...ကျွန်တော်လည်း စဉ်းစားနေတာ..သခင်ကြီးကိုတိုက်ရိုက်သွားမေးဖို့လည်း

အဆင်မပြေသေးဘူး..."

"အင်း...ဘာပဲဖြစ်ဖြစ် အခု မောင်ရင့်ကိစ္စက တဖြည်းဖြည်းသိလာရပီ....မဟော်ဂဏီဒေဝီရဲ့အကြောင်းသာ

ငါတို့ဘာမှ မသိရသေးတာ..."

မြို့စားမင်း ဦးသူရိယက သူလိုချင်သည့်အကြောင်းကို ဦးတည်သဖြင့် ဗညားတို့တူဝရီး တိတ်ဆိတ်သွား

ကြသည်။

"ငါတို့ ပုလဲပြည်မှာ မဟော်ဂဏီဒေဝီရဲ့ အစွမ်းကို ရရင် ဒီထက်အများကြီး ကြွယ်ဝချမ်းသာလာမှာ....

ဒီရတနပူရတိုင်းပြည်ကြီးနဲ့ အဝေးဆုံးမှာရှိနေလို့ ငါတို့ပုလဲပြည်က ထင်ထားသလို မဖွံ့ဖြိုးတာ.."

"ကျွန်တော်မျိုးတို့ စုံစမ်းပေးပါ့မယ် မြို့စား..."

"အိမ်း...ပြောဖို့မေးနေတယ်....နက်ဖြန်ငါ့သမီးတော် ပိုးနီလေး ရောက်လာလိမ့်မယ်.."

"ဟင်!...ပိုးနီက ဘာလို့ လိုက်လာတာလဲ...မြို့စား.."

မြို့စားမင်း စကားကြောင့် ဗညားမျက်လုံးပြူးသွားကာ အလျင်စလိုမေးလိုက်မိသည်။

"မဟော်ဂဏီဒေဝီဆီ ချဉ်းကပ်စေချင်လို့ပေါ့..မိန်းခလေးအချင်းချင်းဆို ရင်းနှီးရလွယ်တာမို့ ငါတို့

 အချိန်ကုန်သက်သာတာပေါ့လေ...သူကလည်း အစောကတည်းက လိုက်ချင်တာ...သူ့မယ်မယ်နေမ

ကောင်းလို့သာကျန်ခဲ့ရရှာတာ..."

ဗညားစိတ်ညစ်သွားသော်လည်း  မြို့စားမင်းကို မဆန့်ကျင်ရဲသဖြင့် အသာခေါင်းညိတ်လိုက်လေသည်..။

"ကောင်းပါပြီ..မြို့စား..."

"ပိုးနီရောက်လာရင် မင်းသမီးနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ ဗညားတာဝန်ပဲ..."

"ဟုတ်ကဲ့.. မြို့စားမင်း..."

မနာလိုစိတ်များပြီး တစ်ဦးတည်းသော သမီးဖြစ်သဖြင့် ပိုးနီကအတ္တကြီးသည့် မိန်းခလေးတစ်ယောက်..။

မဟော်ဂဏီဒေဝီWhere stories live. Discover now