"ဒေါက်...ဒေါက်"
ခေါင်းရင်းနံရံကို ကျောက်ခဲပေါက်သံထွက်ပေါ်လာသဖြင့် ဗညား အိပ်နေရာမှ လန့်နိုးလာသည်။
"ဒေါက်...ဒေါက်..ဒေါက်"
"ဟင်!.."
အိပ်ချင်မူးတူးဖြင့် ဗညား ပြတင်းပေါက်မှတဆင့်လှမ်းကြည့်လိုက်လျှင် အနီရောင်ပိုးဝတ်ရုံဖြင့် သူ့အား
နှစ်လိုဖွယ်ရာပြုံးပြနေသည့် မဟော်ဂဏီကို တွေ့လိုက်ရသဖြင့် မှင်သက်သွားမိသည်။
"နောင်တော် နိုးပြီလား...."
အသံတိုးတိုးဖြင့် လှမ်းပြောကာ သူ့အားထွက်ခဲ့ရန် လက်ဟန်ခြေဟန်ဖြင့် ပြနေသောကြောင့် ဗညား
ကသုတ်ကရက် အိပ်ဆောင်မှထွက်လာလိုက်သည်။
"အိမ်ရှေ့စံ....ဘာများဖြစ်လို့လဲ? တခုခုဖြစ်လို့လား?"
"ဟာ!...ဒီနေ့ ငှက်ပစ်ထွက်မယ်လို့ ပြောထားတယ်လေ နောင်တော်ရဲ့....."
ဗညား ကောင်းကင်ကိုလက်ညှိုးထိုးပြရင်း...
"ဟင်!...ဒီလောက်အစောကြီး ထွက်မှာလား...အာရုဏ်တက်ချိန်ပဲ ရှိသေးတယ်"
"စောစောထွက်တော့ ငှက်ပိုရတာပေါ့...ပြောနေကြာတယ်...ကိုယ်လက်သုတ်သင်ပြီး သွားရအောင်..."
ပြောပြီးတာနဲ့ ဗညားလက်ကိုဆွဲကာ အိပ်ဆောင်ထဲခေါ်လာပြီး ရေချိုးဆောင်သို့ တွန်းပို့နေလေသည်။
ခါတိုင်းတွေ့နေကျ ပုံစံမဟုတ်ဘဲ သူ့အားရင်းရင်းနှီးနှီးဆက်ဆံနေသည့် မဟော်ဂဏီ့ကို ဗညားနားမလည်
နိုင်။ကလေးတစ်ယောက်လို ပျော်ရွှင်အူးမြူးနေသောမဟော်ဂဏီကို ထူးဆန်းသလိုငေးကြည့်နေမိသည်။
"ဟာ...နောင်တော်!...သွားလုပ်ချေ....ဘာတွေတွေးနေတာလဲ...နေထွက်လာရင် ငှက်မရဖြစ်နေရော့မယ်..."
ဗညားမှာအယောင်ယောင်အမှားမှားဖြင့် ခေါင်းညိတ်ပြကာ ရေအမြန်ချိုး၍ ပြန်ထွက်လာလိုက်သည်။
အပေါ်ပိုင်းဗလာကျင်းဖြင့် ပြန်ထွက်လာသောသူ့ကို မဟော်ဂဏီ စိုက်ကြည့်နေ၍ တွေ့ကရာဝတ်ရုံတခု
YOU ARE READING
မဟော်ဂဏီဒေဝီ
عاطفية"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024