"သခင်ကြီး ခေါ် သျှင်စော"
ဟူသော ကမ္ဗည်းထွင်းထုထားသည့်ကျောက်တိုင်လေးကို မဟော်ဂဏီကြည့်ရင်း မျက်ရည်ကျမိသည်..။
"နေကောင်းလား...သခင်ကြီး.."
သခင်ကြီးကို သဂြိုလ်ပြီးလို့ နှစ်ပတ်ကျော်ကြာလည်း နေ့တိုင်း..သူဒီနေရာကို လာပြီး စကားပြော
ဖြစ်သည်..။အချိန်တိုင်းလွမ်းနေရသဖြင့် သခင်ကြီးလှဲလျောင်းရာနေရာလေးကို အလွမ်းပြေလာ
ကြည့်မိသည်။
"အေးချမ်းစွာနားပါတော့ သခင်ကြီး...။နောင်ဘဝအဆက်ဆက် ..ကျွန်တော်တို့မိသားစုလို အတ္တကြီးတဲ့
လူတွေနဲ့ ထပ်မဆုံအောင်နေနော်.."
"သားတော်..."
အနောက်မှ မယ်ဖုရား၏ တိုးဖွသော ခေါ်သံကြောင့် မဟော်ဂဏီလှည့်ကြည့်မိသည်..။မျက်ရည်များ
ပြည့်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည့် မယ်ဖုရား..။သူ့အနားသို့လျှောက်လာကာ
သခင်ကြီး ကျောက်တိုင်လေးကို ဖွဖွထိကိုင်ရင်း...
"မယ်မယ်...သခင်ကြီးကို လွမ်းလိုက်တာ..."
မျက်ရည်များကျကာ ပြောလာသည့် မယ်ဖုရားကို မဟော်ဂဏီနှစ်သိမ့်သလို ဖက်ထားလိုက်မိသည်..။
"ဒီဘဝ..သူခံစားခဲ့ရသမျှ..မယ်မယ်..နောက်ဘဝတွေမှာ ဆပ်ပါ့မယ်..."
"ဟင့်အင်း...သခင်ကြီးကို မယ်မယ့်လိုလူနဲ့ ဘယ်ဘဝမှာမှ မဆုံစေချင်တော့ဘူး..."
မဟော်ဂဏီကြေကွဲစွာပြောပီး..မယ်ဖုရားကို လှည့်မကြည့်ဘဲထွက်လာခဲ့လေသည်..။သခင်ကြီးနာကျင်ခဲ့
တာတွေ လုံလောက်နေပါပီ...။ကျွန်တော်တို့ ဘဝထဲက စောစောထွက်သွားတာလည်း ကောင်းပါတယ်...
မဟုတ်ရင်..အမှတ်မရှိတဲ့ သခင်ကြီး.ဘယ်အချိန်ထိများ တွယ်ကပ်နေမလဲ......။ကောင်းရာ ဘုံဘဝမှာ
စံပျော်ပါစေ...။မဟော်ဂဏီလမ်းလျှောက်လာရင်း...သခင်ကြီးကို အတိုင်းအဆမရှိသတိရမိသည်...။
ဒီနေရာ..ဒီလမ်း..ဒီအဆောင်တွေကြားမှာ သခင်ကြီးအငွေ့အသက်တွေ ခံစားရသဖြင့် မျက်ရည်များ

YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"တကယ်က တစိမ်းတွေပါပဲ အိမ်ရှေ့စံ...နောင်တော်တို့ဆုံတာ အခုမှ တစ်နေ့စာသာပဲရှိပါသေးတယ်" (ဗညား) "ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" (မဟော်ဂဏီ) Beginning:25/4/2023 Ending: 25/6/2024