Episode 20

1.4K 71 0
                                    

"ဘယ်လို!....နောင်တော်တို့ တပတ်ခါ ပြန်တော့မယ်...ဟုတ်လား သခင်ကြီး.."

တုန်လှုပ်သွားသော မဟော်ဂဏီမျက်နှာကိုကြည့်ကာ သခင်ကြီးသက်ပြင်းချလိုက်ရင်း...

"အင်း...လမင်းလေးပြောလိုက်တာ...ဗညားကိုယ်တိုင် ဒီမနက်လာလျှောက်တင်တာလို့ ပြောတယ်.."

မဟော်ဂဏီ တချက်တွေဝေသွားရင်း...

"နောင်တော်က...ဘာလို့လဲ?.."

"ကိစ္စရှိလို့ ဖြစ်မှာပေါ့..မင်းသားလေးရယ်..."

"ဟင့်အင်း....ဘယ်လိုဖြစ်မှာလဲ ...နောင်တော်ပြန်လို့မရဘူး......မဖြစ်ဘူး..."

မဟော်ဂဏီပြောပီးတာနဲ့ ပြေးထွက်သွားသဖြင့် နောက်မှ ပြေးလိုက်ရလေ၏။တရှိန်ထိုးပြေးနေသဖြင့်

မင်းမှုထမ်းများပါ လန့်ဖျတ်ကုန်ကာ သူတို့ကို စူးစမ်းလာကြသဖြင့် သခင်ကြီး မာန်မဲခဲ့ရသေးသည်။

ဗညားနေသည့်အဆောင်ရှေ့ရောက်သော် မဟော်ဂဏီ မောဟိုက်နေသဖြင့်ချက်ချင်းအသံမထွက်နိုင်။

အသက်ကိုသဲကြီးမဲကြီး ရှုထုတ်လိုက်ပြီးမှ..

"နောင်တော်!..."

အထဲမှ တုံ့ပြန်သံမကြားတော့ မဟော်ဂဏီထပ်ခေါ်လိုက်သည်။

"နောင်တော်!..."

"လာပြီ...အိမ်ရှေ့စံ..."

အသက်မပါသောမျက်နှာဖြင့်ထွက်လာသော ဗညားကို မဟော်ဂဏီ စူးစိုက်ကြည့်လိုက်ရင်း..

"နောင်တော် ..ပြန်တော့မယ်ဆိုတာ..အမှန်လား..?"

"အမှန်ပါ..အိမ်ရှေ့စံ...တပတ်ခါ ပြန်ဖြစ်မယ်..."

ခေါင်းငုံ့ပြီးပြောနေသော ဗညားအနီး တိုးကပ်သွားကာ...မယုံမရဲ ထပ်မေး၏။

"တကယ်လား နောင်တော်.."

စကားနှင့်မဖြေတော့ဘဲ ဗညား ခေါင်းညိတ်ပြ၏။သခင်ကြီးမှာ ဘာလုပ်ရမှန်းမသိသဖြင့် မလှမ်းမကမ်းမှ

 ရပ်ကြည့်နေလေသည်။

"မဖြစ်ဘူးလေ...ကျွန်တော်..မြှားအတတ်လည်း သေချာ မရသေးဘူး...နောင်တော်မပြန်ရဘူး.."

မဟော်ဂဏီဒေဝီWhere stories live. Discover now