Episode 34

1.2K 64 0
                                    

ဗညားနှင့် အတူစီးလာသည့် ဆင်ဖြူတော်ပေါ်မှနေ၍ မဟော်ဂဏီ ပတ်ဝန်းကျင်တခုလုံးကို စူးစမ်းလေ့လာ

နေမိသည်..။ တောတောင်ရေမြေရှုခင်းသာယာလှပလွန်းဖြင့် ငေးမဝ..။

"ဒီနားတခေါက်နားကြမလား..?"

ဗညားအမေးကို မဟော်ဂဏီခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်..။ဘေးယှဉ်၍ ရှိသော ဆင်ဖြူတော်

ပေါ်မှ သခင်ကြီးကို လှမ်းကြည့်လိုက်ပြီး..

"သခင်ကြီး...ကျွန်တော်တို့ ဒီမှာ ခဏနားကြရအောင်..."

မဟော်ဂဏီ့အသံကြောင့် သခင်ကြီး ခေါင်းညိတ်ပြလေ၏။မဟော်ဂဏီငြင်းနေသည့်ကြားမှ ဗညားပွေ့ချီ

ကာဆင်ပေါ်မှဆင်းလိုက်သဖြင့် မျက်နှာပူနေမိသည်..။ဘေးပတ်ဝန်းကျင်ကိုကျီးကန်းတောင်းမှောက်ကြည့်

လိုက်ရင်း.....

"လူတွေရှေ့မှာလေ.."

တိုးကြိတ်ကြိတ်အသံဖြင့် မဟော်ဂဏီအပြောကို ဗညားခပ်ဟဟရယ်လိုက်ရင်း...

"ယောက်ဖကြီးက ...ဒီညီလေးကို.. စိုးရိမ်လို့ဆိုပြီး..သူတို့တွေးကြမှာပါ...စိတ်မပူပါနဲ့..အဟင်း."

ပြီတီတီပြောကာထွက်သွားသော ဗညားကို ကြည့်ရင်း မဟော်ဂဏီပြုံးလိုက်မိ၏...။ဗညားနှင့်

 စစ်သူကြီးထီးညိုစကားပြောနေသဖြင့် သခင်ကြီးဆီ မဟော်ဂဏီလျှောက်လာလိုက်ကာ..

"ဆင်စီးရတာ....ဘယ်လိုလဲ သခင်ကြီး.."

"အင်း..ဇိမ်တော့ကျပါရဲ့.....ဒါပေမယ့် လှိုင်းစီးသလို မူးတယ်..."

မျက်နှာရှုံ့မဲ့ကာပြောနေသည့် သခင်ကြီးပါးနှစ်ဘက်ကို မဟော်ဂဏီ ခပ်ဖွဖွညှစ်လိုက်ကာ..

"ဟိုးနားက စမ်းချောင်းဆီ သွားရအောင်....စမ်းရေနဲ့ မျက်နှာသစ်လိုက်...လာ....သခင်ကြီး"

သခင်ကြီးကို ဆွဲခေါ်ရင်း..မဟော်ဂဏီ စမ်းချောင်းနားဆီသို့ လျှောက်လာခဲ့ကာ ကြည်လင်နေသော

 စမ်းရေနှင့် မျက်နှာသစ်လိုက်သဖြင့် တကိုယ်လုံးလန်းဆန်းသွားလေသည်။သခင်ကြီးလည်း

မဟော်ဂဏီဒေဝီWhere stories live. Discover now