Episode 11

1.4K 71 0
                                    

သန်းခေါင်ကျော်ချိန်ရောက်သော်လည်း ဗညားအိပ်မပျော်နိုင်။ မဟော်ဂဏီအကြောင်းကိုတွေးရင်း 

စိတ်ရှုပ်နေမိသည်။မနေ့ညက အကြောင်းအရာများစဉ်းစားမိလိုက်သည်နှင့် သူ့နှလုံးသားတခုလုံး တုန်ယင်

လာ၏။အပြစ်ရှိသူတစ်ယောက်လို ခံစားနေရလို့များလား..?။ အိပ်ရာထက် ဘယ်ညာလူးလိမ့်ရင်း 

အိပ်မပျော်မယ့်အတူတူ လေသာဆောင် ဆီသို့ထွက်လာခဲ့လိုက်သည်။ လေယူရာ ညပန်းရနံ့များကြိုင်လှိုင်

နေကာ တိတ်ဆိတ်အေးချမ်းသော ညသန်းခေါင်ယံကို ဗညားကြိုက်နှစ်သက်သည်...။

"ဟင်!..."

လေသာဆောင်အောက်ရှိ ကံကော်ပင်နားမှာ အရိပ်ကလေးတခုကို မြင်လိုက်ရသဖြင့် ဗညားစူးစမ်းသလို 

ကြည့်လိုက်သည်။ ထိုအရိပ်ကလည်း ဗညားကြည့်နေသည်ကို သိသွားပုံရကာ လျင်မြန်သောအရှိန်ဖြင့်

 ဖျတ်ခနဲ ပြေးထွက်သွားသည်။ဗညားလည်းတွေဝေမနေဘဲလေသာဆောင်မှ ဖျတ်လတ်စွာ တွဲလွဲခိုဆင်း

ကာ အပြေးလိုက်လေ၏။ ညစောင့်အမှုထမ်းများကို ရှောင်ရှားပြေးနေရသဖြင့် ထိုအရိပ်မှာခရီးမတွင်ဘဲ 

ဖြစ်နေရာ နောက်ဆုံးဗညားလက်ဖြင့် ဝတ်ရုံတော်ကို ဖမ်းမိသွားလေသည်။

"ဟိတ်!....မပြေးနဲ့...."

အရိပ်ကိုဖမ်းမိသည်နှင့် တပြိုင်နက် ဗညား ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်ကာ နီးစပ်ရာနန်းဆောင်ကြား 

အမှောင်ရိပ်သို့  ခေါ်လာခဲ့သည်။ရင်ခွင်တွင်းမှ ရုန်းနေသူကို တင်းခနဲတချက်ညှစ်လိုက်ပြီး ဟန့်လိုက်သည်။

"အိမ်ရှေ့စံက အခုချိန်ထိ မအိပ်သေးဘဲ ..ဘာလုပ်နေတာလဲ?...."

နူးညံစွာ ဗညားမေးလိုက်သောကြောင့် ရင်ခွင်ထဲမှ အတင်းရုန်းနေသူမှာ ချက်ချင်းငြိမ်ကျသွားလေသည်။ 

"မျက်နှာကို ဖုံးထားရုံနဲ့ နောင်တော်က မမှတ်မိနိုင်ဘူး..ထင်နေတာလား..အဟင်း..?

ဗညားရယ်သံစွကာ ပြောလိုက်တော့ ရင်ခွင်ထဲမှနေ၍ ဖျတ်ခနဲ မော့ကြည့်လာသည်။

မဟော်ဂဏီဒေဝီWhere stories live. Discover now