Episode 31

1.4K 85 2
                                    

"ဗညားက..မင်းသားလေးဆံပင်ကို သုံးဖို့ ခွင့်မပြုဘူး..ပြည့်ရှင်...."

"ဟေ!!..."

"ဘယ်လိုလုပ်ကြမလဲ..မောင်တော်ရယ်..."

"ဗညားလျှောက်တင်စရာရှိတယ်လို့ ပြောပါတယ် ပြည့်ရှင်...အခုအပြင်မှာ စောင့်နေပါတယ်..."

"ခေါ်လိုက်ချေ..."

ပြည့်ရှင်မင်းနှင့် မိဖုရားရှေ့မှောက် ..ဗညားအရိုအသေပေးလိုက်ကာ ..

"ဆံပင် ကိစ္စအတွက် ပြည့်ရှင်မင်းကို တောင်းပန်ပါတယ်...ကျွန်တော့်ကြင်ယာတော်ကို အထိခိုက် မခံနိုင်

လို့ပါ...ဆံပင်တွေကို ယူသုံခွင့်မပေးနိုင်ပါဘူး..."

"ဟင်!....တသက်လုံး...ဒီလိုပဲ လုပ်လာခဲ့တာ..အခုဆိုရင် မောင်ဗညားတောင် သူ့ဘေးမှာ ရှိနေတာပဲ.."

"ကျွန်တော်...သူ့ဘေးမှာ ရှိနေလို့ကို မလုပ်နိုင်တာပါ...ကျွန်တော် ရှိနေရဲ့သားနဲ့ သူ့ကို ဘာကြောင့်အပင်ပန်း

ခံခိုင်းနေမလဲ?...စစ်ထွက်ချိန်ကျရင် ...စစ်သူကြီး ထီးညိုရဲ့ လက်အောက်မှာ ကျွန်တော်လိုက်သွားပါရစေ..."

"ဟေ!!!..."

"ကျွန်တော့်ရဲ့ မြှားပညာနဲ့ သုပ္ပစစ်သည်တွေကို နှိမ်နှင်းတဲ့နေရာမှာ..တစိတ်တပိုင်းအနေနဲ့ ပါဝင်ခွင့်ပြုပါ..."

"ဗညား!!.."

ဗညားလျှောက်တင်မူကြောင့် တခန်းလုံး အာမေဋိတ်အသံများဖြင့် ပြည့်သွားသည်..။

"ဗညား...အဲ့လောက်ထိ မလိုဘူးလေ...မင်းသားလေးက ခွင့်ပြုမှာ မဟုတ်ဘူး.."

"ရတယ် သခင်ကြီး..ဒီတိုင်းပြည်ကြီး အေးချမ်းဖို့ ကျွန်တော့်မှာလည်း တာဝန်ရှိတယ်..."

"ဗညားပြောတာ မယ်ဘုရား နားလည်တယ်...ဒါပေမယ့် မဟော်ဂဏီက လက်ခံမှာ မဟုတ်ဘူး..

သူ့ဆံပင်တွေကိုပဲ သုံးခိုင်းမှာ..."

"ကျွန်တော် ရှိနေသရွေ့...သူ့ကိုထိခိုက်ခွင့် မပြုနိုင်ပါဘူး..."

"ခက်ရချည်ရဲ့..ဒီမနက်ကလည်းမုဒုကိုပြန်သွားတဲ့သမီးတော်ကြီးကို တားမရလိုက်ဘူး...အခုလည်းဗညား

မဟော်ဂဏီဒေဝီWhere stories live. Discover now