Episode 12

1.4K 70 0
                                    

လူတစ်ယောက်၏စိတ်ကို အမျိုးမျိုးပြောင်းလဲစေနိုင်သည့် အချစ်ဆိုသော အရာသည် ဆန်းကြယ်၏။ 

ပန်းဉယျာဉ်တော်ထဲ ပန်းကနုတ်ဖော်ထားသော ကျွန်းထိုင်ခုံပေါ်၌ မဟော်ဂဏီ သက်ပြင်းဖွဖွချရင်း...လက်

ထဲမှနေကြာပန်းကလေးကို ထိုင်ကြည့်နေမိသည်။

"မင်းသမီး..."

အနောက်မှ ခေါ်သံကြောင့် လန့်သွားကာ ကိုင်ထားသော နေကြာပန်းလေးပြုတ်ကျသွားလေ၏။

ဗညားအနားကပ်လာကာ ပြုတ်ကျနေသော နေကြာပန်းလေးကို ကောက်၍ လက်နှစ်ဘက်ဖြင့်

ရိုရိုသေသေကိုင်ကာ ကမ်းပေးလိုက်လေသည်။

"တောင်းပန်ပါတယ်...ကျွန်တော့်ကြောင့် မင်းသမီး လန့်သွားလို့...."

"ရပါတယ်...နောင်တော်..."

"မင်းသမီးတယောက်တည်းလား...မင်းသားရောနေကောင်းပါရဲ့လား..."

ဗညားစကားကြောင့် မဟော်ဂဏီဖျတ်ခနဲ မော့ကြည့်လာသည်။

"မင်းသားလေးကို မတွေ့တာ နှစ်ရက်လောက်ကြာပီဆိုတော့လေ..."

ဗညားက ရှက်သလိုလို လက်တဖက်ဖြင့် သူ့လည်ပင်း သူပွတ်ရင်း ပြောလာသဖြင့် မဟော်ဂဏီ

ပြုံးပြလိုက်သည်။

"အစ်ကိုတော်က  မမကြီးရှိတဲ့ မုဒုကျွန်းကို သွားတယ်...မမလတ်နဲ့ မမငယ်တို့လည်းပါသွားတယ်လေ.."

"ဟင်!...."

ဗညားမျက်နှာ ကွက်ခနဲပျက်သည်။

"သိပ်မကြာပါဘူး...နောက်တစ်ရက် နှစ်ရက်လောက်ဆို ပြန်ရောက်မှာပါ..."

"ကောင်းပါပီ မင်းသမီး..."

"နှမတော်လည်း ..ဒီနေ့မှ နေသာထိုင်သာရှိလို့ ပန်းဉယျာဉ်ထဲလာခဲ့တာ...."

"သခင်ကြီးရော....."

"သခင်ကြီးကို လက်ဖက်ရည်ယူခိုင်းလိုက်လို့..."

"ဗညားရောက်နေတာလား..."

"ဟုတ်ကဲ့..သခင်ကြီး.."

သခင်ကြီးနှင့် အတူလက်ဖက်ရည်ကြွေအိုးဗန်းကိုင်ထားသော အပျိုတော်ရောက်လာသည်။ 

မဟော်ဂဏီဒေဝီWhere stories live. Discover now