Episode 29

1.5K 66 0
                                    


"မနေ့က ဗညားအလုပ်များသွားတယ် ထင်တယ်...ဒေါ်ခင်ဆင့်တို့ ပြန်တာတောင် လိုက်မပို့ နိုင်ဘူး...

ဟင်းဟင်း.."

သခင်ကြီး၏ပြုံးစိစိ စကားကြောင့် ဗညားမျက်နှာ ထားရခက်သွားကာ..

"ကျွန်တော်လည်း မှေးခနဲ အိပ်ပျော်သွားလို့ပါ..."

"ဟုတ်ပါပီ...မင်းသားလေးရော..."

"ဏီ... ရေချိုးဖို့လုပ်နေတယ်..."

"ဟင်!...ဒါကြောင့် ဗညား..အောက်ထပ်မှာဆင်းနေတာလား...?."

သခင်ကြီး ပြုံးတုံတုံအမေးကြောင့် ဗညားမျက်နှာရဲသွားကာ...လက်တဖက်ဖြင့် လည်ပင်းကို ပွတ်ရင်း...

"အင်း...သူရှက်နေမှာ စိုးလို့..."

"အဟင်း...အဟင်း..."

"မောင်ရယ်!!...."

"လာပီ..ဏီ.."

အပေါ်မှ မဟော်ဂဏီခေါ်သံကြောင့် ဗညားနှင့်အတူ သခင်ကြီးပါ အပေါ်ထပ်လိုက်တက်သွားသည်။

"ဩ....သခင်ကြီး ရောက်နေတာလား..."

ရေချိုးဝတ်ရုံဖြင့် ရေစိုနေသော ဆံပင်အထွေးလိုက်ကိုသုတ်ရင်းသခင်ကြီးကို မဟော်ဂဏီနှုတ်ဆက်

လိုက်သည်။

"မင်းသားသက္ကတို့ရောက်နေကြပီလေ....ခဏနေရင် ထမင်းစားဆောင်လာခဲ့ကြနော်.."

"ဟုတ်ကဲ့...သခင်ကြီး..ဒါနဲ့ မမငယ်..နေကောင်းသွားပီလား..?"

"ကောင်းပါ့...မနက်ကတည်းက သတို့သားလောင်းအတွက် အစားအသောက်တွေတောင်...ကိုယ်တိုင်

ဝင်စီမံနေလေရဲ့.."

"အင်း.."

"မင်းသားလေးဆံပင်တွေကို..သုတ်ပေးမယ်...."

"ရပါတယ်... သခင်ကြီးအလုပ်ရှုပ်နေတာမလား?...ဏီ့ကို ကျွန်တော်လုပ်ပေးလိုက်ပါ့မယ်...မင်းသမီးငယ်

ကိစ္စကို သွားလုပ်လိုက်ပါ.."

"အင်း..."

"ဏီ..ဒီမှာလာထိုင်..မောင်ဆံပင်တွေ သုတ်ပေးမယ်..."

မဟော်ဂဏီကို လုပ်ပေးရန် ရပ်စောင့်နေသည့် သခင်ကြီးလက်ထဲမှ ပုဝါကိုခေါက်သိမ်းလိုက်ပြီး ပြုံး

မဟော်ဂဏီဒေဝီWhere stories live. Discover now