မဟော်ဒေဝီရဲ့ နားသမင်္ဂလာ....နန်းတော်၏ အရှေ့ဘက်၌တည်ရှိသော မင်္ဂလာစင်အလယ်ရှိ ပတ္တမြားဖြင့်စီခြယ်ထားသော ပလ္လင်တွင် မ
ဟော်ဒေဝီ နေရာယူထား၏။သူ၏ညာဘက်တွင် ဖခမည်းတော်နှင့် မယ်တော် ထိုင်နေပြီး ဘယ်ဘက်တွင်
အစ်မတော် ၃ဦး နေရာယူထားကြသည်။ မဟော်ဂဏီကိုယ်တိုင် ပတ္တမြားရောင် နီစွေးသော ပိုးဝတ်ရုံကို ဆင်ယင်ပြီး ဝင်းပသောမျက်နှာလေးကို ပုဝါပါးမချစေဘဲ မင်းပရိတ်သတ်၊
ဧည့်သည်များမြင်စေရန် တမင် ပြထား၏။ မင်းသားအနေဖြင့် နေမကောင်း၍ ပွဲမတက်ရောက်နိုင်ကြောင်း
သခင်ကြီးကို ပွဲမစမှီကပင် ကြေငြာခိုင်းထားပြီးပြီ။ပလ္လင်ပေါ်မှနေ၍ဧည့်သည်များကြား မဟော်ဂဏီတွေ့
ချင်သည့် မျက်နှာတခုကို သည်းကြီးမည်းကြီး ရှာဖွေနေမိသည်။ ဟော...တွေ့ပါပြီ။သူမျှော်လင့်ထားသလို
သူ့အားရွှန်းရွှန်းစားစားကြည့်နေသည်နောင်တော်၏မျက်ဝန်းများ.....။သူ..ဒီလိုမင်းသမီးလိုနေမှ ဒီ
လိုအကြည့်မျိုး ရနိုင်မှာလား?...
"ဧည့်ပရိတ်သတ် အပေါင်းတို့....အိမ်ရှေ့စံမင်းသမီးလေးရဲ့ နားသမင်္ဂလာအခမ်းအနား စတင်ဖို့ရာ
အချိန်အခါရောက်လို့ လာပါပီ...တိုင်းပြည်ရဲ့ အသဲနှလုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသမီးလေးအတွက် ဆုတောင်း
ဩဘာများ ပေးကြပါ အဆွေတော်တို့...."
ပုရောဟိတ်ကြီး၏ နိဒါန်းစကားအဆုံး မင်္ဂလာကွင်းပြင်တခုလုံး ပြည့်လျှံနေသော ပြည်သူများ၏ လက်ခုပ်
သံများဟိန်းထွက်လာသည်။
"ဖြောင်း... ဖြောင်း ... ဖြောင်း"
"ငါတို့ မင်းသမီးလေးက သိပ်လှတာပဲ...."
ပရိသတ်များ၏ ချီးကျူးသံများက ပွဲတခုလုံးဖုံးလွှမ်းနေသော်လည်း မဟော်ဂဏီခမျာ စိတ်မချမ်းသာနိုင်။
"အခုမင်္ဂလာအချိန်ရောက်ပီမို့ နားသမင်္ဂလာ စတင်ပါတော့မယ်"
![](https://img.wattpad.com/cover/329414760-288-k319046.jpg)
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024