Episode 19

1.3K 67 0
                                    


မဟော်ဂဏီတို့ လေ့ကျင့်ရင်း အချိန်ကုန်လို့ ကုန်မှန်း မသိလိုက်..။ သတိထားမိချိန် ညဘက်ပင်

ရောက်နေပြီ။

"အား..ပင်ပန်းလိုက်တာ..."

မဟော်ဂဏီပြောရင်း မြှားပစ်ကွင်း မြက်ခင်းမှာထိုင်ချလိုက်လေသည်။ ဗညားလည်း သူနဲ့မနီးမဝေး

တွင် လိုက်ထိုင်ရင်း....

"ညရောက်သွားပီ...နောင်တော်လည်း သတိမထားမိလိုက်ဘူး..အရမ်းပင်ပန်းနေပီလား.."

ဗညား၏ နူနူညံ့ညံ့စကားကြောင့် မဟော်ဂဏီမျက်နှာလေး ပြုံးမိသွားကာ လှမ်းကြည့်လိုက်ရင်း 

ခေါင်းခါပြလိုက်၏။

"ဒီနေ့ လပြည့်ည ထင်တယ်...ဟိုးမှာကြည့်လိုက်.."

ဗညားလက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ ထိန်ထိန်သာနေသော လပြည့်ဝန်း...။

"လပြည့်ဆိုတော့ ဒီနေ့ပွဲဈေးတန်း ရှိမှာပဲ...."

မဟော်ဂဏီ့စကားကြားမှ ဗညားသတိရသွားကာ......

"ဟုတ်သားပဲ..."

"ကျွန်တော်တို့ ဒီည ..ပွဲဈေးတန်းသွားကြမလား.."

အားတက်သရော မေးလာသော မဟော်ဂဏီစကားကြောင့် ဗညားချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို..ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်..ပီးယင် ဒီမှာ ပြန်ဆုံရအောင်နောင်တော်..."

"ကောင်းပါပီ...အိမ်ရှေ့စံ.."

ရေချိုးပြီးနောက် နာရီဝက်ခန့်အကြာ..သူတို့နှစ်ယောက် ပွဲဈေးတန်းသို့ ထွက်လာခဲ့ကြသည်။

ကြက်ပျံမကျ စည်ကားနေသော ပွဲဈေးတန်းကြောင့် ဗညားတို့ လူမကွဲစေရန် ပူးပူးကပ်ကပ်

နေကြရလေသည်။လွတ်လွတ်လပ်လပ်လျှောက်လည်ချင်၍ မဟော်ဂဏီတို့နှစ်ယောက်စလုံး ရိုးရိုးသာမာန်

ပြည်သူလို ဝတ်ဆင်ထားကြလေသည်။

"အိမ်ရှေ့စံ..."

ဗညားခေါ်သံကြောင့် မဟော်ဂဏီလက်ညှိုးဖြင့် တိုးတိုးခေါ်ရန်အမူအယာဖြင့် သတိပေးလိုက်သည်။

မဟော်ဂဏီဒေဝီWhere stories live. Discover now