လေသာဆောင် ပြတင်းပေါက်မှ တဆင့် ငွေစန္ဒာတို့ ပန်းဉယျာဉ်ထဲ အပန်းဖြေနေကြသည့် မြင်ကွင်းကို
မင်းမဟော်ရာဇ ကြည့်နေလေသည်။ချစ်ရသူနှမစန္ဒာပျော်နေလျှင် သူလည်းပျော်မိသည်။ ဖခမည်းက
ငွေစန္ဒာကို မိဖုရားကြီးမြှောက်ပြီးလျှင် တခြားပြည်ထောင်များမှ သမီးတော်များကိုလည်း သူနှင့်လက်ဆက်
စေလိုပေမယ့် သူလက်မခံခဲ့...။ငွေစန္ဒာက သူ့ကမ္ဘာအတွက် တစ်စင်းတည်းသော လမင်းဟု သတ်မှတ်ထား
သောကြောင့်...။
"အိမ်ရှေ့စံ....သျှင်စော ရောက်ပါပီ..."
အနောက်မှ မင်းမှုထမ်းအသံကြောင့် သူခေါင်းညိတ်ပြလိုက်ကာ..
"အေး...လေသာဆောင်ကို ထွက်လာခိုင်းလိုက်...."
"ကောင်းပါပီ..."
မင်းမှုထမ်းလှည့်သွားပြီးခဏအကြာ သျှင်စောဝင်လာလေသည်။သူ့အရှေ့နားတွင် ရို့ရို့ကလေးရပ်နေသည်
က မနေ့ကတွေ့ရသည့် သျှင်စောနှင့် လားလားမှ မဆိုင်...။
"ဘယ်လိုလဲ..အမူးပြေပီလား.."
"ဟုတ်ကဲ့..."
"မနက်ပို့ပေးလိုက်တဲ့ အမူးပြေတဲ့ဆေးခါးရည်ကို သောက်ခဲ့ရဲ့လား?"
သူ့အမေးကို သျှင်စောမော့ကြည့်ပြီး ခေါင်းညိတ်ပြလေသည်။
အင်း...မေးစရာရှိလို့..အမှန်တိုင်းဖြေ..."
"ဘာများမေးမလို့ပါလိမ့် အိမ်ရှေ့စံ..."
"မနေ့က ပြောခဲ့တာတွေက အမှန်လား...သျှင်စော..."
"ဘာကိုလဲ အိမ်ရှေ့စံ..."
မျက်လုံးပြူးကြီးဖြင့်စိုက်ကြည့်ကာ မေးနေသည့်သျှင်စောကို သူပြုံးပြလိုက်ကာ...
"တခုမှ ..မမှတ်မိဘူးလား?..."
သျှင်စော စဉ်းစားသလိုလုပ်ရင်း တဖြည်းဖြည်းမှတ်မိလာပုံရသည်။ပြူးနေသောမျက်လုံးများ ပြူးသထက်
ပြူးလာကာ ...ရုတ်တရက် သူရှေ့ ကျုံ့ကျုံ့လေးထိုင်ချလေသည်။
"တောင်းပန်ပါတယ်..အိမ်ရှေ့စံ....မပြောအပ်တာတွေ ပြောခဲ့မိတာ..ဗွေမယူပါနဲ့..."
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024