Episode 17

1.3K 68 0
                                    


"ဘာ!...ဆံပင်နဲ့ကုပေးလိုက်တယ်....ဟုတ်လား?...."

သခင်ကြီး၏အသံ နားနေဆောင်တခုလုံး ဟိန်းထွက်သွားသည်။မဟော်ဂဏီရေချိုးရန် အဝတ်အစားများကို

ဆက်ချွတ်ရင်း မသိသလို လုပ်နေ၏။ သခင်ကြီး ဒေါသထွက်သွားကာ...မဟော်ဂဏီရှေ့တည့်တည့်ရပ်

လိုက်ရင်း...

"မင်းသားလေး...ဒါကလေးကစားသလို လုပ်လို့မရဘူးနော်...ဆံပင်တွေသုံးလိုက်ရင် တပတ်လောက်နေ

မကောင်းဖြစ်တတ်တာ..မေ့သွားပီလား..?.."

ဆံပင်များကိုစုသိမ်းရင်း မဟော်ဂဏီပြုံးလိုက်ကာ...

"အခုပြောင်းသွားပီ....ကျွန်တော်နေမကောင်းမဖြစ်တော့ဘူး...."

"ဘယ်လို!..."

"ဟုတ်တယ်..သခင်ကြီး...ဟိုတခါတုန်းကတောထဲမှာလည်း....ဆံပင်တွေသုံးခဲ့သေးတယ်..."

"အမလေး..ဘုရား..ဘုရား!..."

"အဲ့တုန်းက နေမကောင်းဖြစ်ပေမယ့် တညပဲ ခံစားလိုက်ရတယ်...အိပ်ပျော်သွားပြီး မနက်နိုးတော့ နေ

ကောင်းသွားရော..."

"မဖြစ်နိုင်တာ..မပြောပါနဲ့မင်းသားလေး..ဗညားကိုလုပ်ပေးချင်တာနဲ့တင်..မဟုတ်မဟတ်တွေ 

သခင်ကြီးကို လာမပြောနဲ့..."

"ရော်....သခင်ကြီး တကယ်မယုံဘူးပဲ....မနက်ဖြန် မနက်ကို စောင့်ကြည့်လိုက်..."

"မင်းသားလေး သိပ်အတင့်ရဲနေပါလား...မင်းသားလေးသာတခုခုဖြစ်ရင် အကုန်လုံး ရင်ကျိုးရမှာ...ဘာမ

ဟုတ်တဲ့ အပူလေးလောင်တာကို ဆံပင်သုံးစရာလိုသလား?..."

"ဘာမဟုတ်အပူလောင်တာတဲ့လား?.. နောင်တော့်ကို ပုရွက်ဆိတ်ကိုက်တာတောင်..ကျွန်တော်မ

ကြည့်ရက်ဘူး...နောင်တော့်အတွက်ဆို တခေါင်းလုံးကို ကတုံး, တုံးပေးရပေးရ..ကျွန်တော် လုပ်ပေးမှာ.."

အသံမာမာနဲ့ မဟော်ဂဏီအော်တော့ သခင်ကြီးမျက်ရည်ဝဲကာ ယူကျုံးမရကြည့်ရင်း...

"အဲ့လောက်ထိ ခံစားပေးဖို့ လိုသလား?..ကိုယ့်တန်ဖိုးကို ဘာလို့ အဲ့လောက်ထိချလိုက်ရတာလဲ..

မဟော်ဂဏီဒေဝီWhere stories live. Discover now