ဗညား မြှားပစ်ကွင်းမြက်ခင်းပြင်၌ ထိုင်နေသည်မှာ မနက်လင်းကတည်းက...။တစ်ပတ်အတွင်းမထင်မှတ်
ထားတာတွေ ဆက်တိုက်ဖြစ်သွားသဖြင့် သူ့ရင်ထဲ လက်မခံနိုင်သေးချေ..။တယောက်သောသူအတွက်
ဝေးရာကိုပြေးဖို့ သူကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့..။အခုချိန် အနေနီးပေမယ့်အရင်လိုအခြေအနေ
မဟုတ်တော့..နီးလျှက်နှင့်ဝေးသည့် အခုပုံစံကခံရခက်စေသည်။ဖြစ်ပြီးခဲ့သမျှကို...ပြန်စဉ်းစားတိုင်း..နမ်း
ရှိုက်ခဲ့တာတွေနဲ့ဝတ်ရုံတော်အောက်က ရင်ဘတ်ဖွေးဖွေးများကိုပဲ မြင်ယောင်လာသည်။ ဒီ့ထက်..ပို၍သူမ
မှတ်မိ..။မင်းသမီးကိုလည်း ..အပြစ်မတင်ချင်..။သူအရက်နဲ့ မတည့်တာ သိမှ မသိပဲ..။ရှေ့ရေးကိုတွေးရင်း
ဗညားရင်မောရ၏..။ဖြစ်နိုင်လျှင် သူအဝေးဆုံးကို ထွက်ပြေးသွားချင်မိသည်။
"ဗညား.."
နောက်မှ ခေါ်သံကြောင့် ဗညားထရပ်ကာ လှည့်ကြည့်မိသည်။..
"သခင်ကြီး.."
"ဗညားစိတ်ညစ်နေတာကို သိပါတယ်....ဒါပေမယ့်သခင်ကြီး ပြောစရာရှိလို့ လာခဲ့တာ..."
"ရပါတယ်..သခင်ကြီးပြောပါ..."
"တခြားတော့ မဟုတ်ပါဘူး....မင်းသမီးနဲ့ ဗညားတို့ကိစ္စပါ..."
"ဟုတ်ကဲ့.."
"အတိတ်ကသခင်ကြီး ကျုးလွန်ခဲ့တဲ့ ဖြစ်ရပ်ကြောင့်...မင်းသမီးနဲ့ ဗညားရဲ့ ဆက်ဆံရေးကြား အဖုအထစ်
ဖြစ်မှာ..သခင်ကြီး မလိုလားဘူး...ရှင်းရှင်းပြောရရင်...မင်းသမီးအတွက် သခင်ကြီး ရင်ပူနေရတယ်..."
"ဟာ!....သခင်ကြီး..ကြံကြီးစည်ရာ......."
"ဗညားကို မယုံသလိုဖြစ်သွားရင် ..သခင်ကြီးတောင်းပန်ပါတယ်..."
"ကျွန်တော်..အဲ့ဒီနေ့ကတည်းက သခင်ကြီးကို ခွင့်လွှတ်ခဲ့ပြီးသားပါ...ဒါကြောင့်မို့လို့ ကျွန်တော့်ကို ယုံပါ...
ကျွန်တော် ကတိပေးပါတယ်...အတိတ်ကို ပြည်ဖုံးကာချလိုက်ပါပီ...မင်းသမီးတို့ မိသားစု အားလုံးကို
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024