ညနေထမင်းစားပြီး လမ်းလျှောက်ရင်း မြှားပစ်ကွင်းထဲ မဟော်ဂဏီတို့နှစ်ယောက်ရောက်လာကြသည်။
မြှားပစ်ကွင်း မြက်ခင်းတွင် ထိုင်ချရင်း ဗညားပြုံးလိုက်ပြီး...
"ဏီ့ကိုလွမ်းတိုင်း..မောင်ဒီကိုလာတာ သိလား..."
"ဟင့်အင်း...."
ဗညားလက်တဖက်ဖြင့် မဟော်ဂဏီလက်ကိုထွေးဆုပ်လိုက်ကာ...
""ဏီကရော..မောင့်ကိုလွမ်းရင် ဘာလုပ်တတ်လဲ?...."
မဟော်ဂဏီပြုံးလျှက် ဗညားပုခုံးပေါ် ခေါင်းမှီလိုက်၏....။
"မောင့်ကို ဘယ်အချိန်တည်းက စိတ်ဝင်စားခဲ့တာလဲ?...မြှားပစ်ကျင့်နေရင်းလား?...ဒါမှမဟုတ်
ငှက်ပစ်ထွက်တဲ့နေ့ကလား?..."
"ပြန်ကြရအောင် မောင်..."
ပြန်မဖြေဘဲ ရုတ်တရက်ထရပ်လိုက်သည့် မဟော်ဂဏီကို ဗညားကြောင်တောင်တောင်ဖြင့် မော့ကြည့်
လိုက်မိသည်။
"အခန်းထဲ ရောက်မှ ..ဖြေမယ်..လာ..သွားရအောင်..."
မဟော်ဂဏီပြုံးစိစိပြောကာဗညားကို ဆွဲထူလိုက်သည်။ဗညားမျက်နှာ ပြုံးရွှင်သွားကာ...ပုခုံးကိုဖွဖွဖက်
လာလျှက်...သူ့မေးဖျားလေးကို ကိုင်ရင်း...
"ပြွတ်..."
"မောင်!..အပြင်မှာလေ...လူတွေမြင်ကုန်တော့မှာပဲ.."
မျက်နှာလေးရဲကာ ရှက်နေသည့် မဟော်ဂဏီကို တင်းတင်းဖက်ရင်း..
"မြင်မြင်ပေါ့...ကိုယ့်ကြင်ယာတော်ကို ..ကိုယ်နမ်းတာပဲ.."
"တော််ပီ...ပြန်ကြမယ်..."
မဟော်ဂဏီဆွဲခေါ်ရာနောက်သို့ ဗညား ရယ်မောရင်းပါသွားလေသည်..။အိပ်ခန်းဆောင်ထဲ ရောက်လျှင်
ကျွန်းသေတ္တာကြီးထဲမှ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ဗူးတခုကို မဟော်ဂဏီ ထုတ်ယူ
လာသည်။ထို့နောက် ဗညားလက်ထဲသို့ထည့်ပေးလိုက်ပြီး...
"ဒီပစ္စည်းလေးရတဲ့ နေ့ကတည်းက...."
မဟော်ဂဏီ့စကားကြောင့် ဗူးကို ကမန်းကတန်းဖွင့်ကြည့်လိုက်သည်..။ ခရုခွေလေး...။
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024