Episode 18

1.3K 64 0
                                    

'မင်းသားလေး...ထတော့..."

သခင်ကြီးနှိုးသံကြောင့် မဟော်ဂဏီ ပျင်းကြောဆန့်ရင်း နိုးလာ၏။

"အင်း...အိပ်လို့ ကောင်းလိုက်တာ...."

"ကောင်းမှာပေါ့..."

သခင်ကြီး၏စကားကြောင့် မဟော်ဂဏီ မျက်လုံးများဖွင့်ကြည့်တော့ပြုံးစိစိအကြည့်နှင့် တိုးသည်။

"ဟင်!..."

သခင်ကြီးအကြည့်ကြောင့် မဟော်ဂဏီ သတိရသွားကာ ရုတ်တရက် ထထိုင်လိုက်ပြီးမှ အခန်းတခုလုံး

ဝေ့ကြည့်လိုက်မိသည်။

"နောင်တော်ရော..."

"ဒီနေ့.. ပုလဲမြို့စားတို့ ပြန်မှာမို့ မနက်အစောကြီး ထသွားတယ်..."

"ဟင်း..."

ပါးလေးများကို လုံးထွက်နေအောင် ဖောင်းထားပြီး အလိုမကျဖြစ်နေသော မဟော်ဂဏီကို

ကြည့်ရင်း...

"မင်းသားလေး..တကယ်နေကောင်းတာသေချာတယ်နော်..?.."

မဟော်ဂဏီ့ကို သေချာစူးစိုက်ကြည်ရင်း မယုံနိုင်သလိုဖြစ်နေသည့် သခင်ကြီးကို မေးဆတ်ပြကာ.....

"ကောင်းတယ်...ဒေါင်ဒေါင်မြည်ပဲ..."

မဟော်ဂဏီထရပ်လိုက်ပြီး သခင်ကြီးရှေ့ တကိုယ်လုံး လှည့်ပတ်ပြလိုက်သည်။

"တွေ့တယ်မလား...."

"ထူးဆန်းလိုက်တာ...ဆံပင်သုံးပြီးတညတည်းနဲ့ မင်းသားလေးနေကောင်းတာ အခုမှ မြင်ဖူးတယ်.."

"အဟင်း.."

မဟော်ဂဏီရှက်ပြုံးလေး ပြုံးမိသွားသည်။သခင်ကြီးက သူ့နဖူးကိုလှမ်းစမ်းလိုက်ရင်း..

"နေမကောင်းတဲ့အချိန်တိုင်း  သခင်ကြီးလည်းဖက်အိပ်ပေးဖူးတယ်..လမင်းလေးဆိုရင်ပြောမနေနဲ့

တော့...စိတ်မချလို့ ရင်ခွင်ထဲ အမြဲထွေးပိုက်ထားခဲ့တာ...ပြည့်ရှင်မင်းရောပဲ....ဒါပေမယ့်တခါမှ

....ဒီလိုချက်ချင်းမသက်သာခဲ့ဘူး.."

မဟော်ဂဏီ မျက်နှာလေးရဲကာ...

"နောင်တော့်ကြောင့်လေ...နောင်တော့်ရင်ခွင်ကြောင့် ..ကျွန်တော်နေပြန်ကောင်းတာ...သခင်ကြီးရဲ့.."

မဟော်ဂဏီဒေဝီWhere stories live. Discover now