မဟော်ဂဏီတို့အတွက် ပြည့်ရှင်မင်း ပေးထားသည့် နန်းဆောင်ကြီးသည် နှစ်ထပ်ဆောင်ဖြစ်ပြီး ကျယ်ဝန်း
လှသည်။မင်္ဂလာပွဲ ပြီးကတည်းက မဟော်ဂဏီက အပေါ်ထပ်တွင် နေပြီး ဗညားက အောက်ထပ်တွင်နေ၏။
စားသောက်ချိန်မှ လွဲ၍ သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင်မိကြ။ညဘက်ဆိုလျှင် ဗညားသည် သူ့ အမေ
ဒေါ်ခင်ဆင့် ရှိရာ အခန်းဆောင်မှာပဲ သွားအိပ်၏။မင်္ဂလာဆောင်ပြီး တစ်ပတ်ကျော်သည့်အထိ သူတို့နှစ်ဦး
လိုတာထက် အပိုစကားမပြောဖြစ်ကြ။သူ့ကို ဗညားသိသိသာသာရှောင်နေတတ်တာကြောင့် လွတ်လွတ်
လပ်လပ်နေစေရန် တမင်လွတ်ပေးထားသည်။သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကိုသခင်ကြီးမှ
တဆင့် ပြည့်ရှင်မင်းနှင့် မိဖုရားအား အသိပေးထား၏။ဗညားအနားမင်းသမီးလိုဟန်ဆောင်နေပြီး မိန်းမ
စစ်စစ် ဖြစ်ချင်နေသည့် မဟော်ဂဏီအဖြစ်ကြည့်ရင်း စိတ်မကောင်းကြပေမယ့်..ဘာမှမတတ်နိုင်...။
မဟော်ဂဏီပျော်ရွှင်ဖို့ကိုသာ လိုလားကြသဖြင့်အဖြစ်မှန်ကိုဗညားသိသွားချိန်..မဟော်ဂဏီကို ထားမ
သွားစေရန် သူတို့အတတ်နိုင်ဆုံးကြိုးစားပြီးတားဆီးကြမည်ဟုသာ ဆုံးဖြတ်ထားကြတော့သည်။လူတစ်
ယောက်ကို သူတို့လက်အောက်တွင်ထားနိုင်ဖို့ သူတို့အတွက် မခက်ခဲချေ..။
"မင်းသားလေး...အဲ့...မင်းသမီးလေး.."
သခင်ကြီးမှားခေါ်မိသဖြင့်မဟော်ဂဏီ မျက်လုံးပြူးပြကာ အသံတိုးတိုးဖြင့်..
"ရှူး...ကြားသွားမှဖြင့်...."
"ဗညားက အောက်ထပ်မှာ မရှိဘူး မင်းသာလေးရဲ့.."
"ဆိုပါဦး...သခင်ကြီး..ဘာကိစ္စလဲ?..."
"မနက်စောစောက မင်းသမီးငယ်..ရေချိုးဆောင်မှာချော်လဲလို့..."
"ဟင်!..ဘာဖြစ်သွားသေးလဲ?."
"သမားတော်ကြီးက လက်ကျိုးသွားတယ်လို့ ပြောတယ်.."
"ဒုက္ခပါပဲ....နက်ဖြန်ကျရင် ..သူ့သတို့သားလောင်း မင်းသားသက္ကနဲ့ မိသားစုလာလည်မှာမလား...လက်
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024