လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်တခုလုံး မှောင်မိုက်ကာ...အင်းဆက်ကောင်လေးများ၏အသံမှ အပ
တိတ်ဆိတ်နေလေ၏..။စခန်းနှင့် မနီးမဝေးရှိ ကုက္ကိုပင်ပေါ်၌ ဗညားနှင့်အတူ မဟော်ဂဏီလည်း ရှိနေ
လေသည်..။အနီးရှိ တခြားအပင်များတွင်လည်း မြားစစ်သည်များက အသင့်နေရာယူထားကြသည်..။
ရန်သူ့စခန်းက ဆီမီးတိုင်များဖြင့် ထိန်ထိန်လင်းနေသဖြင့် ဗညားတို့ဘက်မှကြည့်ပါက သွားလာလှုပ်ရှားမှု
များကို ရှင်းရှင်းလင်းလင်းမြင်ရ၏။မမကြီးရှိနေသည့် စခန်းအလယ်ရှိ ရွက်ဖျင်တဲကို မဟော်ဂဏီ မမှိတ်မ
သုတ် စိုက်ကြည့်နေစဉ်...
"မွ...."
"မောင်..."
ပါးပြင်ထက်ကို ကျလာသည့် အနမ်းတပွင့်ကြောင့် ခပ်တိုတိုးခေါ်လိုက်မိသည်..။ဒီအနေအထားကြားထဲ
နမ်းနေနိုင်သည့် ချစ်ရသူကို မဟော်ဂဏီမော့ကြည့်မိတော့ ခပ်ဟဟရယ်ပြကာ...
"ချစ်လို့..."
"စစ်ဆင်ရေးအတွက်...ရင်ပူနေရတဲ့အထဲ...မောင်ကလဲ"
"ရင်အေးအောင်လို့...မောင့်အနမ်းပေးလိုက်တာလေ..."
အရေးထဲ စနောက်နေသည့် ဗညားကြောင့် မဟော်ဂဏီလှစ်ခနဲ ပြုံးမိသွားသည်..။
"ဒီလောက်နဲ့တော့ မရဘူးမောင်....နောက်မှ အများကြီးပေးဖို့ချန်ထားလိုက်ဦး..."
"ဟာ!!..."
"ရှူး...တိုးတိုး!!.."
ရန်သူ့စခန်း အနီးသို့ စစ်သူကြီးခေါင်းဆောင်သော စစ်သည်များ တဖြည်းဖြည်းချဉ်းကပ်သွားနေကြသဖြင့်
မဟော်ဂဏီ သတိပေးလိုက်သည်..။ စခန်း၏ ပတ်ပတ်လည်မှ နေ၍ ရန်သူ့နယ်မြေထဲသို့ တစ်ယောက်၊နှစ်
ယောက်စသည်ဖြင့်အချိန် ခြားပီးဝင်သွားကြလေသည်။ သုပ္ပတို့ကဲ့သို့မျက်နှာများကို ပုဝါပါးခြုံထားသဖြင့်
ကိုယ်ယောင်ဖျောက်ထားသလိုဖြစ်၍ သတိမထားမိကြ။စခန်းအလယ်ဗဟိုရှိ ရွက်ဖျင်တဲထဲ သုံးယောက်
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024