Episode 28

1.5K 73 2
                                    


အခန်းဆောင်ထဲ ဗညားအူးယားဖားယား ပြေးဝင်လာမိသည်။ အိပ်ရာထက် မေ့မျောနေသည့် မဟော်ဂဏီ့

မျက်နှာလေးကို ဖွဖွထိကိုင်ချိန် မျက်ရည်များကျလာ၏။ရင်ဘတ်တခုလုံး ချစ်မြတ်နိုးမှုများ ပြည့်ကျပ်နေ

လျှက်.....

"ဏီ..."

"ရှုး!!...ဗညား...သူအိပ်နေတယ်..."

ပြည့်ရှင်မင်း အသံတိုးတိုးထွက်လာမှ အခန်းထဲရှိ မိသားစုဝင်များကို ဗညားသတိထားမိတော့သည်။

"သမီးငယ်လေး နေမကောင်းလို့..ဗညားကို.."

မယ်ဖုရားစကားကို ဗညားခေါင်းညိတ်ပြရင်း...

"ကျွန်တော်..သိပြီးပါပီ.. မယ်ဘုရား .."

သခင်ကြီးရှင်းပြတာကို ကြားပြီးသည်နှင့် သူဒုန်းစိုင်းပြေးလာခဲ့လေသည်။ခံစားချက်များလွန်းတာကြောင့်

ဗညားနှလုံးသားတခုလုံး တွင်းနက်နက်ထဲ ပြုတ်ကျသွားသလို...။မဟော်ဂဏီ့လက်ကလေး တဖက်ကို သူ့

လက်နှစ်ဖက်ဖြင့် အုပ်မိုးကိုင်လိုက်ပြီး...

"ဒီနေ့ကစပြီး ကျွန်တော်ရှေ့မှာ ဟန်ဆောင်နေစရာမလိုတော့ပါဘူး...အိမ်ရှေ့စံအကြောင်းကို သခင်ကြီး

အားလုံးပြောပြပြီးပါပီ..."

ပြည့်ရှင်မင်း အံ့ဩသင့်သွားကာ သခင်ကြီးကိုချက်ချင်းလှမ်းကြည့်လာသည်။သခင်ကြီး ခေါင်းညိတ်ပြသ

ဖြင့် တုန်လှုပ်သွားကာ...

"ဘယ်လို!...ဒါဆိုရင်...သားတော်လေးကို.."

"ကျွန်တော် မရှက်တမ်းဝန်ခံပါတယ်....အိမ်ရှေ့စံကို မြင်ကတည်းက ချစ်ခင်စုံမက်ခဲ့တာပါ..မဖြစ်နိုင်မှန်းသိ

လို့ ..ကျွန်တော်ပုလဲမြို့ကိုပြန်ပြီး ရှောင်ပြေးဖို့ ကြိုးစားခဲ့မိတာ..."

"ဟင်!..."

"ပြီးတော့ နောက်တခုက ကျွန်တော်..မြင်းထိန်းဦးမာနရဲ့သားပါ...."

"အလို!...."

ပြည့်ရှင်မင်းနှင့် မိဖုရားမျက်လုံးများ ပြူးကုန်ကာ...သခင်ကြီးကို အထိတ်တလန့် လှမ်းကြည့်လိုက်ကြ

မဟော်ဂဏီဒေဝီWhere stories live. Discover now