Episode 22

1.4K 65 2
                                    

အသက်ရှုသံ မှန်မှန်ထွက်ရင်း အိပ်ပျော်နေသော ဗညားကို မဟော်ဂဏီ နိုးကတည်း ငေးကြည့်နေမိ

သည်။သူ့ပုခုံးပေါ် လက်တဖက်တင်ထားကာ ခြေတဖက်လည်း သူ့ခါးကိုခွထားသေးသည်။အမှတ်ညိုရှိ

သော လက်ဖမိုးကို သူနမ်းလိုက်ရင်း မျက်ရည်များကျလာသည်။အိပ်ခန်းဆောင်တခုလုံး တိတ်ဆိတ်နေ

သော်လည်း ငိိုရှုက်သံလေးပျံ့လွှင့်နေ၏။ညက နောင်တော်နှင့်သူ  ပြန်လှည့်မရသည့်ခရီးတခုကိုလျှောက်

လှမ်းခဲ့ပြီးပြီ။ဒီကိစ္စမျိုးဖြစ်လာမှာ သူကြိုတွေးခဲ့လည်း နောင်တော့်နှုတ်ဖျားမှ ..."နီ...နီ"ဟူသောခေါ်သံ

ကြောင့် သူဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ ။ပိုးနီနှင့်နောင်တော် ဒီအဆင့်ထိရောက်ခဲ့ပြီးပီလား..?။သူ့ကို

 ထိတွေ့ရင်း"နီ...နီ"ဟု နင့်နင့်နဲနဲ တောက်လျှောက်ခေါ်နေခဲ့သည်ကို နားထဲကအခုထိ မထွက်။ပိုးနီကို

 သိပ်ချစ်တာပဲလား...။နောင်တော်နိုးလာရင်..ဘယ်လိုမျိုးတုံ့ပြန်မလဲ...။သူ့ကို နာကျဉ်းသွားမလား...။

 အတွေများနှင့် သူတညလုံးအိပ်တလှည့် ..နိုးတလှည့်.။

"မိဖုရားနှင့် မင်းသမီးများ ကြွရောက်လာပါတယ်..." 

အပြင်မှ အမှုထမ်း၏ အော်သံကြောင့် ဗညား ..ဗြုန်းခနဲ နိုးလာသည်။တဆစ်ဆစ်ထိုးကိုက်နေသော နားထင်

ကိုလက်မနှင့်ဖိချေရင်း...မျက်လုံးအတင်းဖွင့်ကြည့်မိသည်။

"ဟင်!..."

သူ့ရင်ခွင်ထဲရောက်နေသည့် တစ်စုံတစ်ယောက်.။သူလန့်ဖျတ်ကာ ထထိုင်မိတော့ မျက်ရည်များဖြင့်

 စိုလူးနေသည့်မျက်ဝန်းများ...။သူ့ကိုချက်ချင်းကျောခိုင်းသွားကာ ထလည်းမလာဘဲ ဘေးတစောင်းဆက်လှဲ

နေ၏။ညက မင်းသမီးအခန်းထဲက သူမထွက်နိုင်ခဲ့တာ သတိရတော့..ရင်ဘတ်တခုလုံး တင်းကျပ်သွား

သည်။အပေါ်ပိုင်းဗလာဖြစ်နေသည့် သူ့ကိုယ်သူ အနီးရှိ ဝတ်ရုံတခု ကောက်ယူကာ လွမ်းခြုံလိုက်သည်။

မဟော်ဂဏီဒေဝီWhere stories live. Discover now