ညနေစောင်းအချိန်၌ ဖခမည်းတော်၏ညွှန်ကြားချက်ကြောင့် မဟော်ဂဏီနှင့်သခင်ကြီးသည် ဗညားတို့
နားနေဆောင်သို့ ချီတက်လာကြသည်။နားနေဆောင်အစောင့်မှတဆင့် မဟော်ဂဏီတို့ရောက်ရှိကြောင်းသိ
စေလျှင် ဗညားနှင့် ဦးသူရိယတို့ထွက်ကြိုကြလေ၏။
"တကူးတကကြွချီလာတာ အားနာလိုက်စရာ အိမ်ရှေ့စံရယ်.."
"ရပါတယ် ဦးသူရိယ...ကျွန်တော် နန်းတော်ကိုလိုက်ပြပေးချင်လို့ပါ..."
"အို..မလိုပါဘူးအိမ်ရှေ့စံ...အမတ်မင်းတွေလိုက်ပြပါလိမ့်မယ်..."
"ခမည်းတော်ကြီး မိန့်လိုက်တာဖြစ်လို့ ကျွန်တော်ကိုယ်တိုင်လိုက်ပြပါ့မယ်.."
သူတို့အပြန်အလှန်ပြောနေသည်ကို စကားတခွန်းမှ ဝင်မပြောဘဲငြိမ်နေသည့် ဗညားဘက် မဟော်ဂဏီ
တချက်လှမ်းကြည့်လိုက်သည်။ဗညားကတစုံတခုကိုအလေးအနက်စဉ်းစားနေသလိုမျက်မှောင်ကြုတ်
ကာ နံရံဆီသာစိုက်ကြည့်နေ၏။
"ဒါဆို တူလေးဗညားသူရ လိုက်ပါလိမ့်မယ်..ကျွန်တော်မျိုးကဦးနန္ဒနဲ့ဆွေးနွေးစရာရှိပြီးခဏနေ ပြည့်ရှင်နဲ့
လည်း စီးပွားရေးကိစ္စပြောစရာရှိသေးလို့ ကျန်နေခဲ့ပါရစေ အိမ်ရှေ့စံ.."
"ကောင်းပါပြီ ဦးသူရိယ.. နောင်တော် သွားစို့လေ"
သူ့စကားကြားမှ ဗညားအသိဝင်လာသလိုဖြစ်သွားကာ ခေါင်းညိတ်ပြသည်။မဟော်ဂဏီကို မှတ်မိ
ပုံမရသဖြင့် ဝမ်းနည်းမိသွားသော်လည်း အသိပေးချင်စိတ်တော့မရှိ။လမ်းဘေးတစ်နေရာ၌ တွေ့ခဲ့သည့်
ကောင်လေးတစ်ယောက်ကို အိမ်ရှေ့စံဟု နောင်တော်မထင်တာ အဆန်းတော့မဟုတ်။
"သခင်ကြီး..နားလိုက်ပါ...ကျွန်တော်နဲ့ နောင်တော် ဉယျာဉ်တော်ထဲ ခဏနေပြီးရင် ထမင်းစားဆောင်
ထဲ တခါတည်းလာခဲ့မယ်.."
"အဆင်ပြေပါ့မလား မင်းသားလေး.."
"ပြေပါတယ်..သခင်ကြီး...နောင်တော်နဲ့သွားမှာပဲ..မဟုတ်ဘူးလားနောင်တော်.."
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024