Episode 21

1.1K 60 1
                                    

"ကျွန်တော်ကြောင့်...ဒီထက်ပိုပြီး ပြဿနာတွေ မဖြစ်စေချင်တော့ဘူး..သခင်ကြီး.."

"အင်း...သခင်ကြီးနားလည်ပါတယ်..."

ဝမ်းနည်းနေသော ဗညားမျက်နှာကိုကြည့်ရင်း သခင်ကြီးရင်နာနေမိသည်။ ကိုယ်ချင်းစာမိသည်။

မနက်အစောကြီးလာရှာကာ မဟော်ဂဏီကိုတွေ့လိုပါသည်ဟု ပြောလာကတည်းက သခင်ကြီး 

ရင်ကွဲရ၏။

"ကျွန်တော်..နောက်ဆုံးအကြိမ်အဖြစ် ..အိမ်ရှေ့စံကို နှုတ်ဆက်ချင်ခဲ့တာ..ဒီလောက်မြန်မြန်ကြီး

မုဒုကျွန်းကို ထွက်သွားမယ် မထင်ခဲ့မိဘူး...."

ဗညား၏ကြေကွဲနေသော မျက်လုံးများကို အတိုင်းသားမြင်နေရသည်။မနက်မိုးသောက်စချိန်သခင်ကြီးကို

မဟော်ဂဏီ တကူးတကဆင့်ခေါ်ပြီး တစ်ယောက်တည်းနေချင်ကြောင်း၊ ဗညားနှင့်လည်း မတွေ့လိုတော့

ကြောင်းပြောခဲ့သည့် မျက်နှာတင်းတင်းကို မြင်ယောင်လာသည်။အချစ်ကြီးလို့ အမျက်ကြီးသွားသည့်

အဖြစ်မို့ သခင်ကြီးလည်း ဘာမှထပ်မပြောချင်တော့။ ဒီရေစက် ..ဒီမှာပဲ ဆုံးပါစေတော့...။

"စိတ်မကောင်း မဖြစ်ပါနဲ့ ဗညားရယ်...နောက်တချိန်ကျ မင်းသားလေးနဲ့ဆုံကြဦးမှာပါ..."

သခင်ကြီးနှစ်သိမ့်စကားဆိုတော့ ဗညားခေါင်းညိတ်ပြမိသည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး...."

"နက်ဖြန်ပြန်ဖို့ အဆင်သင့်ပဲလား...ဒီနေ့ည.. ပြည့်ရှင်မင်းနဲ့ လမင်းလေးက ဗညားနဲ့ပိုးနီအတွက်ညစာစားပွဲ

 သီးသန့်စီစဉ်ထားတယ်.."

"ဟုတ်ကဲ့ ..ဒါနဲ့..သခင်ကြီးကို မေးစရာ ကိစ္စရှိလို့ မေးခွင့်ပြုပါ..."

"မေးပါ ..ဗညား.."

"သခင်ကြီး ဦမာနဆိုတဲ့ မြင်းထိန်းကို သိပါသလား?..."

"ဟင်!....""

သခင်ကြီးမျက်နှာ သွေးမရှိသလို ဖွေးဆုတ်သွားသည်။ထိတ်ထိတ်လန့်လန့်ဖြင့် ဗညားကို ကြည့်မိရင်း..

"ဘာ..ဘာ ဖြစ်လို့လဲ..?.."

"ကျွန်တော့် အဖေပါ..သခင်ကြီး.."

မဟော်ဂဏီဒေဝီWhere stories live. Discover now