Episode 15

1.4K 64 0
                                    

"ဘယ်လို....တစ်ပတ်ခါမြို့စားမင်းတွေ ပြန်တော့မယ်..ဟုတ်လား...မမလတ်?.."

"ဟုတ်တယ်လေ..နင့်မွေးနေ့မို့ ဒီမှာ တစ်လကျော်တောင် လာနေကြတာ...ငါဖြင့် မျက်စိရှုပ် ..နားရှုပ်နေတာ

...မြန်မြန်ပြန်လေ ...ကောင်းလေပဲ.."

မဟော်မူယာဒေဝီက အေးအေးဆေးဆေးပြောနေသော်လည်း သူ့အတွက် နေဆယ်စင်းထွက်လာသလို 

ပူလောင်လာသည်။

"မဖြစ်ဘူး..."

"ဟင်!.."

"သွားပြီ..မမလတ်.."

"ဟဲ့!!...ဘယ်ကိုလဲ?

မမလတ်ကို ပြန်မဖြေအားပဲ မဟော်ဂဏီ ဖခမည်းတော် နားနေဆောင်ကို တန်းပြေးလာခဲ့သည်။ 

"ဖခမည်း...ဖခမည်း!.."

အူးယားဖားယားပြေးဝင်လာသည့် မဟော်ဂဏီကို ပြည့်ရှင်မင်း အထူးအဆန်းလို ကြည့်နေသဖြင့်

အိန္ဒြေအမြန်ဆယ်လိုက်ကာ...

"မြို့စားမင်းတွေ...ပြန်တော့မယ်ဆိုတာ..မှန်ပါသလား ဖခမည်း.."

"မပြန်ကြလို့ ငါက တသက်လုံး ဒီမှာတင်ကျွေးထားရမှာလား..?"

ဟိုနေ့ကကိစ္စကို ဖခမည်းမကျေနပ်တာ သူသိပေမယ့် မသိချင်ယောင်ဆောင်နေလိုက်၏...။

"ဒါဆို ပုလဲမြို့စားလည်း ပြန်တော့မှာလား....နောင်တော်ဗညားရော..ဖခမည်း.."

အလောတကြီး သူ့အမေးကို ပြည့်ရှင်မင်းစိတ်မရှည်သလို မျက်ခုံးတွန့်လိုက်ရင်း..

"အကုန်ပြန်မှာ..."

တုံးတိတိအဖြေကို မဟော်ဂဏီမကျေနပ် ဖြစ်သွားကာ အရှေ့တိုးလာပြီး ပြည့်ရှင်မင်း ခြေတော်ကို

ကိုင်လိုက်လေသည်။ဖခမည်းမှာ သူ့အပြုအမှုကို အံ့ဩသွားကာ..

"ဘာဖြစ်နေတာလဲ...သားတော်"

"နောင်တော် ဗညားဆီမှာ မြှားအတတ်သင်နေတာ..မပြီးသေးဘူး ဖခမည်း.."

"အင်း...ဒီတော့.."

"နောင်တော်က မြှားနှစ်စင်း တပြိုင်တည်း ပစ်နိုင်တဲ့ အတတ်လည်းကျွမ်းတယ်...."

မဟော်ဂဏီဒေဝီWhere stories live. Discover now