တစ်နာရီခန့်အကြာ...တောလမ်းတနေရာ၌ ရစ်ငှက်တအုပ်ကိုတွေ့မိသဖြင့် မဟော်ဂဏီ
အတိုင်းထက်အလွန်ပျော်သွားမိသည်။
"နောင်တော်...ဟိုးဘက်က အကောင်က အကြီးဆုံးပဲ...အဲ့ရစ်ငှက်ကို ကျွန်တော်ပစ်မယ်..."
ရစ်ငှက်အုပ်ထဲမှ အကောင်ကြီးကိုရွေးနေသော မဟော်ဂဏီ၏ကလေးဆန်ပုံကို ဗညားခပ်
ဟဟရယ်နေမိသည်။
"အိမ်ရှေ့စံ... သဘောအတိုင်းပါ..."
"ဝှစ်...."
သူတို့နှစ်ယောက် မြှားကိုယ်စီဖြင့် တပြိုက်နက် ပစ်လိုက်ရာ ရစ်ငှက် သုံးကောင်မြှားမှန်၏။ ဗညား
မြင်းပေါ်မှ ဆင်းကာ ရစ်ငှက်များဆီသို့ သွားကြည့်လိုက်သည်။မဟော်ဂဏီ ၏မြှားသည်မှန်းထားသည့်
အတိုင်း အကြီးဆုံးရစ်ငှက်ကိုထိပြီး ကျန်ရစ်ငှက် နှစ်ကောင်က ဗညားပစ်လိုက်သော မြှားနှစ်စင်းထိ၏။
မဟော်ဂဏီမြင်းပေါ်မှ ဆင်းလာပြီး ရစ်ငှက်များကို စစ်ကြည့်ကာ..
"အလို!....နောင်တော် မြှားနှစ်စင်း တပြိုင်တည်း ပစ်လိုက်တာလား?"
တအံ့တဩမျက်လုံးပြူးကာမေးနေသော မဟော်ဂဏီကိုကြည့်ပြီး ဗညားခပ်ဖွဖွပြုံးမိသည်။
"အင်း..."
"ဟာ!...ဘယ်လိုပစ်တာလဲ....ကျွန်တော့်ကို သင်ပေးပါ..."
"ပစ်နည်းက မခက်ပါဘူး..အိမ်ရှေ့စံသင်ချင်ရင် နောက်တချိန် သင်ပေးပါမယ်.."
"သင်ပေးပါ..နောင်တော်သင်ပေးပါနော်.."
ပါးနှစ်ဖက်ဖောင်းပြီး နှုတ်ခမ်းလုံးလုံးဖြင့် မဟော်ဂဏီ၏ ချစ်စရာကောင်းသောတောင်းဆိုနေမှု
ကြောင့် ဗညားဟန်မဆောင်နိုင်တော့ဘဲသွားများပေါ်သည်အထိရယ်မိတော့သည်။
"ကောင်းပါပီ..အိမ်ရှေ့စံ...နောက်နေ့ မြှားပစ်ကွင်းမှာ သင်ပေးပါ့မယ်"
မဟော်ဂဏီမျက်နှာလေးပြုံးသွားမှ ဗညားသက်ပြင်းချမိတော့သည်။မဟော်ဂဏီ စိတ်ဆိုးလျှင် စိတ်မ
YOU ARE READING
မဟော်ဂဏီဒေဝီ
Romance"ဘယ်လောက်ထိ မြတ်နိုးမိသလဲဆိုရင်... သူ့လက်ဖမိုးပေါ်က အမှတ်ညိုလေး ဖြစ်ခွင့်ရရင်တောင် ဖြစ်လိုက်ချင်ပါရဲ့" Beginning:25/4/2023 Ending: 25/6/2024