Part 43

2.4K 221 10
                                    

လွမ်ချာချာသည် ကားသော့ကိုကိုင်ထားပြီး သော့ပေါက်ထဲသို့ထည့်ချင်သော်လည်း သူမ၏လက်သည် အဆက်မပြတ်တုန်နေကာ သူမတကယ်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

System၏ နောက်ဆုံးသတိပေးချက်ကို တွေးတောရင်း နှလုံးခုန်ကာ သူမခြေလက်များ အေးစက်လာသည်။

"ဟူး!"  လွမ်ချာချာ အသက်ပြင်းပြင်းရှူလိုက်သည်။  သူမ တည်ငြိမ်ချင်ရင်တော့ Systemကပေးတဲ့ အချက်တွေကိုကြည့်ပြီး အရင်ဆုံး တည်ငြိမ်အောင်လုပ်ရမယ်။

ပထမတော့ သူမ ဖြည်းဖြည်းမောင်းတယ်။  သူမ အမြန်မမောင်းနိုင်ခဲ့ပါ။  အဓိကကတော့ သူမသည် ကားမောင်းဖို့ သင်ယူတုန်းကပဲ မောင်းခဲ့ပြီး နောက်ပိုင်းမှာ ကားတစ်စီးမှ မဝယ်ဖြစ်ခဲ့ပါဘူး။  ယခင်ကမ္ဘာတွင်၊ သူမသည် ယာဉ်မောင်းအဖြစ် အချိန်ပိုင်း မောင်းနှင်ရန် သင်ယူလိုခဲ့သည်။

ဒါပေမယ့် သူမ ယာဉ်မောင်းလိုင်စင်ရပြီးတာနဲ့ ထိုSystemနဲ့ ချိတ်ဆက်မိပြီး ဒါကို မစဉ်းစားမိတော့ဘဲ Systemကပေးတဲ့ လမ်းကြောင်းအတိုင်းသာ အစွမ်းကုန်ကြိုးစားပြီး လျှောက်လှမ်းခဲ့ရတယ်။

တုကူမိုဟန်သည် ကားဂိုဒေါင်ထဲသို့သွားဖို့ ဓာတ်လှေကားဖြင့်ဆင်းနေသည်။ ထိုနောက် သူသည် ဒရိုင်ဘာကို အရင်အလုပ်ဆင်းခိုင်းပြီး ကိတ်မုန့်ဆိုင်ကို သွားဖို့လုပ်ခဲ့တယ်။

လွမ်ချာချာက ကိတ်မုန့်စားရတာကြိုက်တယ်။  နောက်တစ်ခုက အခုလက်ရှိခေတ်စားနေတဲ့ ကိတ်မုန့်က အရမ်းအရသာရှိတယ်။ ဒါကြောင့် ဝယ်ပြီး မြည်းစမ်းကြည့်ရမယ်။  တုကူမိုဟန်သည် လွမ်ချာချာအတွက် တခြားအဆာပြေမုန့်တွေ ဝယ်ပေးချင်တယ်။

ကားတံခါးကို မဖွင့်ခင် တုကူမိုဟန်က ရပ်လိုက်ပြီး သူရဲ့ မျက်လုံးတွေ တင်းတင်းကျပ်ကျပ် ဖြစ်သွားခဲ့တယ်။  "ကိစ္စရှိလို့လား ?"

ပိုင်ရှင်းသည် အပေါ်ထပ်တွင်ထိုင်ကာ တုကူမိုဟန်အား အကြာကြီးစောင့်နေသော်လည်း မတွေ့သဖြင့် ကားပါကင်သို့ ချက်ခြင်းဆင်းကာ သူ့ကိုစောင့်နေခဲ့သည်။

"ရှင့်ကိုတွေ့ဖို့အရမ်းခက်တယ်၊ ဘာလို့ငါ့ကိုမတက်ခိုင်းရတာလဲ။" 

The Green Tea Female Partner With the Male Lead ( Complete )Where stories live. Discover now