Part 52

2.4K 230 6
                                    

လွမ်ချာချာသည် ဤအသေးစိတ်အချက်အလက်များကို မူလက ဂရုမစိုက်ခဲ့ပေ။  ဘာဂါမှာ အသားရှိ၊ မရှိ အရေးမကြီးဘူး၊ သူမမှာ နို့ရှိမရှိ ဂရုမစိုက်ဘူး။

အဓိကအချက်မှာ သူမသည် ကွဲပြားစွာဆက်ဆံခံရသည်ကိုပင် သတိမထားမိခဲ့ပေ။  လွမ်ကျုံးဖန်က လွမ်ယုကျိကို လွမ်ချချာထံသို့ ဟမ်ဘာဂါပေးခိုင်းသောအခါတွင် သူမသည် အံဩသွားခဲ့သည်။

ဟမ်ဘာဂါကို မသိစိတ်က ငုံ့ကြည့်လိုက်တော့ တကယ်အသားမရှိဘူး၊ ဒါက သူမအတွက် ဘာမှမဟုတ်ပေမယ့် မူရင်းပိုင်ရှင်အတွက်ကတော့တကယ်ကို ဒေါသထွက်စေလိမ့်မယ်။

မူလပိုင်ရှင် ဒေါသထွက်နေသရွေ့ ရှန်းစုရှင်း၏ ပန်းတိုင် အောင်မြင်ပြီး လွမ်ကျုံးဖန်သည် မူရင်းပိုင်ရှင်အား သေချာစွာ သင်ကြားပေးမည်ဖြစ်သည်။

ဒါပေမယ့် ဒီလို လှည့်ကွက်က ပျင်းစရာကောင်းလွန်းတယ်။  လွမ်ချာချာသည် ဒေါသထွက်နေစရာမလိုဟု ခံစားရုံသာမက ရယ်စရာကောင်းသည်ဟုလည်း ခံစားရသည်။

"အဖေ၊ အသားမပါတဲ့ ဘာဂါက ကောင်းမယ်ထင်တယ်၊ ဒါကြောင့် ပြောင်းဖို့ မလိုဘူး"  လွမ်ချာချာသည် လွမ်ကျုံးဖန်ကို အလွန်သတိရှိစွာ ပြောလိုက်သည်။

ရှန်းစုရှင်း၏ ရည်ရွယ်ချက်ရှိရှိ တုံ့ပြန်မှုနှင့် လွမ်ချာချာ၏ လိမ္မာရေးခြားရှိပြီး ဉာဏ်ရည်ထက်မြက်သော ကွာခြားချက်မှာ အလွန်ထင်ရှားသည်။

"ကြည့်စမ်း၊ သူက မင်းအတွက် အမြဲပြောပေးနေတာ ၊ ယုကျိ၊ မင်းဘာလို့ မပြောင်း‌သေးတာလဲ"  လွမ်ကျုံးဖန်က လွမ်ယုကျိကို တိုက်တွန်းခဲ့သည်။

ရှန်းစုရှင်းသည် ဆယ်နှစ်ကျော်ကြာအောင် အကြံစည်မိးချမှတ်ခဲ့သူတစ်ဦးဖြစ်ခဲ့သော်လည်း သူမသည် ယခုတစ်ကြိမ် ထိုသို့ဖြစ်ရန် မမျှော်လင့်ထားဘဲ လွမ်ချာချာက ဒေါသမထွက်ခဲ့ပေ။  ဒါက သူမ မမျှော်လင့်ထားတဲ့ အရာပါ။

"ငါ့မှတ်ဉာဏ်ကိုကြည့်စမ်း ၊ ငါ ချာချာအတွက် တစ်ခုပြောင်းလိုက်မယ် ကျိအာ ၊ နင်အရင်စား၊ ငါ ချာချာအတွက် မနက်စာအသစ်လုပ်လိုက်မယ်။"  ရှန်းစုရှင်းက ပြောပြီး ထလိုက်သည် ။

The Green Tea Female Partner With the Male Lead ( Complete )Tempat cerita menjadi hidup. Temukan sekarang