လွမ်ကျုံးဖန်ဟာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ဖုန်းက မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ကြေကွဲစွာ အော်ဟစ်လိုက်တယ်။ "ဟင့်အင်း!!! ဒါမမှန်ဘူး!!!"
သူ့သမီးက အနာဂတ်မှာ တကယ်သေရမှာလား ။ အိပ်မက်တစ်ခုမို့လို မယုံဘူးဆိုရင်တောင် ဒါက အမှန်တရားပဲ။
သူသည် သူ့သမီးကို သတ်သူအား မွေးစားသမီးအဖြစ်တောင် အသိအမှတ်ပြုခဲ့သည်။ သူက လူသားမဟုတ်ဘူး! သူနဲ့မထိုက်တန်ဘူး!
လွမ်ကျုံးဖန် ငိုယိုပြီး စားပွဲပေါ်ရှိ အရာအားလုံးကို သုတ်သင်ပြီး ရှန်းစုရှင်း၏ ဓာတ်ပုံအားလုံးကို ရိုက်ချိုးပစ်လိုက်သည်။ ရိုက်ပြီးနောက် အသက်ကို အရူးအမူး ရှူလိုက်သည်။
"ငါက ယောက်ျားတစ်ယောက် မဖြစ်ထိုက်ဘူး!!!!" လွမ်ကျုံးဖန်၏ စိတ်ထဲတွင် အိပ်မက်မြင်ကွင်းများ၊ သမီးလေး၏ မျက်နှာ၊ သူမ၏ ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါများ ကွဲထွက်နေပုံကိုသာ မြငမိနေသည် ။ ပြီးတော့ အဲဒီ ရှန်းရှ၏ စကားဝိုင်း။
အိပ်မက်ထဲတွင် အရာအားလုံးက သူ့ကို ထိတ်လန့်စေခဲ့ပြီး အခု သေခြင်းနဲ့သာ သူမအပေါ် တောင်းပန်နိုင်လိမ့်မယ်။
လွမ်ကျုံးဖန်၏ အသံကို လွမ်ချာချာ၏ အခန်းမှပင် ကြားနေရသည်။ လွမ်ချာချာသည် လွမ်ကျုံးဖန် တစ်ခုခုဖြစ်သွားပြီဟု တွေးကာ ကုတင်ပေါ်မှ ခုန်ဆင်းပြီး အင်္ကျီကို ဝတ်ကာ ထွက်ပြေးလာသည် ။
လွမ်ယုကျိသည် ပထမဆုံးရောက်လာပြီး လွမ်ကျုံးဖန်၏ စာကြည့်ခန်းတံခါးကို လေးနက်သောအမူအရာဖြင့် ဖွင့်လိုက်သည်။ သူရှေ့တွင် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လွမ်ယုကျိ ထိတ်လန့်သွားသည် ။
"ဖေဖေ ဘာလုပ်နေတာလဲ အဖေ!" လွမ်ယုကျိသည် လွမ်ကျုံးဖန်၏ ဦးခေါင်းကို နံရံနှင့် ဆောင့်မတိုက်စေရန် ပြေးလေသည်။
လွမ်ကျုံးဖန်သည် အသိစိတ်ပျောက်နေကာ "ငါက လူသားမဟုတ်ဘူး ၊ ငါက လူသားဖြစ်ဖို့ မထိုက်တန်ဘူး!" သူက မိမိကိုယ်ကို ကျိန်ဆဲလေသည် ။
လွမ်ယုကျိသည် သူ့အဖေကို အားကြိုးမာန်တက် ပွေ့ဖက်ထားသော်လည်း လွမ်ကျုံးဖန်သည် လုံးဝ ရူးသွပ်သွားပြီး သူ့ကို လုံးဝ မထိန်းနိုင်တော့ပေ။
ESTÁS LEYENDO
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author