Part 14

2.6K 202 6
                                    

ကားကိုရပ်ပြီးနောက် တုကူမိုဟန်သည် ကားထဲမှထွက်ခဲ့ပြီး လွမ်ချာချာကို လုံးဝလျစ်လျူရှုခဲ့သည် ။ လွမ်ချာချာကလည်း သူ့သဘောထားကို ဂရုမစိုက်ဘဲ ကားတံခါးကို အမြန်ဖွင့်ကာ နောက်မှလိုက်သွားခဲ့သည်။

“အစ်ကိုမိုဟန်၊ ချာချာကိုစောင့်ပါ…” မူလက သူမသည် ဟန်ဆောင်ရန် ပျင်းလွန်းသော်လည်း သူမသည် ကားပေါ်မှ ဆင်းလာသောအခါတွင် ယောက်ျားမိန်းမများစွာက သူ့ကို ဝိုင်းရံထားကြောင်း တွေ့ရှိခဲ့သည် ။

သူမ ပျော့ညံ့သူအဖြစ် ဟန်ဆောင်ရန်အတွက် ဒါက အခွင့်အရေးကြီးဖြစ်သည်။  ထိုအချိန်တွင် သူမခြေထောက်ဒဏ်ရာရထားသည့်အတွက် အလွန်အခွင့်ကောင်းဖြစ်ပြီး အားနည်းသော ကြာပန်းဖြူသည် လူအများ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလိမ့်မည် ။

"အိုး အဲဒါ ခယ်မ မဟုတ်ဘူးလား"  ပြိုင်ကားဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးသည် တုကူမိုဟန်ကို ပြောခဲ့သည် ။

တုကူမိုဟန်က လုံးဝပြန်လှည့်မကြည့်‌လေဘူး "လာခဲ့ ၊ ငါတို့ယှဥ်ပြိုင်ကြမယ် "

"ခယ်မက‌ရော ။"  သူမ ဒုက္ခရောက်ရင် တုကူမိုဟန် အရှက်ရသွားမှာဖြစ်ပြီး ပိုင်ရှင်းက သတင်းကြားရင် ဒီကို အပြေးအလွှား ရောက်လာလိမ့်မယ်။

တုကူမိုဟန်သည် တစ်စုံတစ်ခုကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေသကဲ့သို့ အသက်ပြင်းပြင်းရှူလိုက်သည်။  "သူမ ဘေးနားမှာ ထိုင်နေပါစေ။"

အခု အနည်းငယ် ထင်ရှားသော အမျိုးသမီးတစ်ဦးဖြစ်သည့် လွမ်ချာချာသည် တုကူမိုဟန်ဘေးတွင် စောင့်ဆိုင်းနေခဲ့သည်။  "ကျွန်မ မိုဟန်နဲ့ အတူရှိနေရုံနဲ့ လုံလောက်ပါတယ်။"

တုကူမိုဟန်သည် ထင်ရှားနေသော ထိုအမျိုးသမီးကိုပင် မကြည့်ခဲ့ပေ။  လျစ်လျူရှုခံရတဲ့ အမျိုးသမီးရဲ့ မျက်နှာက မကောင်းတော့ဘူး ။

တုကူမိုဟန်သည် လူများသောနေရာများကို တွေးခဲ့မိသည် ။ ထိုအချိန်ဆို လွမ်ချာချာက ဝင်ရှုပ်လိမ့်မည် ။ ထိုလူများသည် သူ့သူငယ်ချင်းများဖြစ်ကြကာ အိမ်ထိန်းနှင့် အစေခံများရှေ့၌ သူကိုအကွက်ချတတ်သော သူမအသုံးပြုပုံကို ကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

The Green Tea Female Partner With the Male Lead ( Complete )Where stories live. Discover now