Part 72

2.3K 198 2
                                    

"သူက မကြင်နာတဲ့အတွက်၊ ငါ့ကို မတရားဘူးလို့ အပြစ်မတင်နဲ့။ ငါက ဒီလိုအနိုင်ကျင့်ခံတဲ့လူတော့ မဟုတ်ဘူး!"  ရှန်းစုရှင်းက မျက်နှာကို မော့ပြီး မောက်မာစွာဆ်ိုလေသည်။  လွမ်မိသားစုပိုင်ပစ္စည်းကြောင့်မဟုတ်ရင် လွမ်ကျုံးဖန်က သူမကို ဒီလိုအနိုင်ကျင့်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။

"ကျိအာ၊ မင်းအဲ့ဒါကို ခံနိုင်ရည်ရှိရမယ်။ အမေ့မှာ ဘာမှမရှိဘူး၊ ဒါကြောင့် လွမ်ရဲ့ မိသားစုပိုင်ဆိုင်မှုကို ငါတို့လက်ထဲ ကိုင်ထားရမယ်။ လွမ်ချာချာကို တစ်ပြားမှ မပေးနိုင်ဘူး" ရှန်းစုရှင်းက လွမ်ယုကျိရဲ့ လက်ကိုညှစ်လိုက်ပေမယ့် လွမ်ယုကျိက လှုပ်ယမ်းလိုက်သည် ။ "ကျွန်တော့်ကို မထိနဲ့!"

"အဖေက အမေ့ကို ဘာလို့ရိုက်ခဲ့တာလဲဆိုတာမသိဘူးလား ။ ကျွန်တော်က အမေ့ရဲ့သားဖြစ်ပေမယ့် လွမ်ချာချာကလည်း အဖေရဲ့သမီးပဲ ၊  သူတို့က ကျွန်တော်တို့ဆွေမျိုးတွေပဲ၊ အမေက အဖေကို ပိုက်ဆံကြောင့်နဲ့သတ်ဖို့အထိတောင် အရမ်းအဆိပ်ပြင်းလွန်းတယ် ။ အမေ ဘယ်လိုတောင် ဒီလိုရက်စက်နိုင်ရလဲဆိုတာ ကျွန်တော် မေးချင်တယ်?"

လွမ်ယုကျိက ရှန်းစုရှင်းကို လက်ညှိုးထိုးပြီးဆ်ုကာ သူ့အမေအရင်းကို ဒီလိုမျိုး မမေးချင်ခဲ့ပါဘူး၊ ဒါတွေအားလုံးက သူ့ကို ဒေါသအရမ်းထွက်စေကာ လက်မခံနိုင်ခဲ့ဘူး..

"အမေ ဘာလို့ ရှန်းတကျိစကားကို နားထောင်ရတာလဲ၊ အဲဒီလူက ပိုက်ဆံအတွက် ဘာမဆိုလုပ်နိုင်တယ်၊ တကယ့်ကို ရှန်းမိသားစုက အပေါ်တန်းက မဖြောင့်သလို အောက်တန်းကလည်း ကောက်နေတာပဲ ၊ ရှန်းရှကလည်း လူကောင်းမဟုတ်ဘူး။ အမေတို့ ရှန်းမိသားစုမှာ ဘယ်သူကမှ စိတ်ကောင်းနှလုံးကောင်းမရှိဘူး !"

လွမ်ယုကျိက အတားအဆီးမရှိအောင် ငိုနေတာကို ရပ်လိုက်ပြီး သူ့မိသားစုမှာ မကောင်းဆိုးဝါးတွေရှိတယ်လို့ ဒီလိုမျိုးတစ်ခါမှ မတွေးခဲ့ဖူးဘူး။

"ငါက မင်းအမေပါ၊ ကျိအာ ဘာဖြစ်နေတာလဲ၊ မင်းအမေကို ဘာလို့ဒီလိုပြောတာလဲ။"  ရှန်းစုရှင်းသည် သူအား မကျေနပ်သလိုမျိုး လွမ်ယုကျိကို ဝေဖန်ခဲ့သည်။  ဒါတွေအားလုံးက သူ့သားရဲ့အနာဂတ်အလုပ်မှာ ပိုအောင်မြင်လာစေဖို့အတွက် သူမ လုပ်ခဲ့တာပါ။

The Green Tea Female Partner With the Male Lead ( Complete )Where stories live. Discover now