"လွမ်ချာချာ!!" တုကူမိုဟန်သည် ခေါင်းကိုက်ခြင်းနှင့်အတူ စိတ်ပူပန်နေခဲ့သည်။
လွမ်ချာချာကတော့ အမှားတစ်ခုခုလုပ်မိသည့် ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ရပ်နေခဲ့သည်။
"တောင်းပန်ပါတယ် အစ်ကိုမိုဟန်..." လွမ်ချာချာ ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိတော့ဘူး ။ သူမ အိမ်ထိန်းတွေနဲ့ အစေခံတွေအနား သွားလိုက်ကာ သူတို့နဲ့နီးကပ်စွာနေလိုက်သည် ။
တုကူမိုဟန်က သူမကို အေးစက်စွာကြည့်လိုက်သည် ။ "မင်း ဘာလို့ ဟန်ဆောင်နေတာလဲ ။ မင်းဘာလိုချင်တာလဲ။"
လွမ်ချာချာသည် သူမ၏ နှလုံးသားထဲတွင် လှောင်ရယ်နေခဲ့သည် ။ သူမ ဘာကို လိုချင်တာလဲ။ သူမ လက်ဖက်စိမ်းSystem အတွက်သာမဟုတ်ရင် ငါးသေလိုသူ့မျက်နှာနဲ့အတူ နေ့တိုင်းလိုလို အေးစက်ပြီး နံစော်နေမယ့်သူလိုလူကို သည်းခံနေမှာမဟုတ်ဘူး။
ဒါပေမယ့် သူမရဲ့အပြင်ပုံသဏ္ဍာန်က ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလိုပဲ ။
"အစ်ကိုမိုဟန်၊ ချာချာက ဘာလုပ်ရမယ်ဆိုတာ မစဉ်းစားမိဘူး၊ အစ်ကိုမိုဟန်က ချာချာနဲ့ ပတ်သက်ပြီး အထင်လွဲနေတာလား " သူမ တုကူမိုဟန်ကို စူးစူးဝါးဝါး ကြည့်နေသည် ။
အိမ်ထိန်းနဲ့ အစေခံတို့က သည်းမခံနိုင်တော့ဘူး။ အိမ်ထိန်းက လွမ်ချာချာရှေ့ကို လှမ်းလာခဲ့သည် ။
"သခင်လေး ၊ သခင်မက အရမ်းဝမ်းနည်းနေပြီ၊ ဒီကိစ္စအတွက် သခင်မကို အပြစ်မတင်သင့်ဘူး။ ခင်ပွန်းသည်ရဲ့အပြစ်အတွက် တခြားသူတွေအပေါ် မပုံချသင့်ဘူး"
အိမ်ထိန်း၏ စကားကြောင့် တုကူမိုဟန်ဆို့နင့်သွားသည်၊ "အန်ကယ်ရှင်း ! ဘာဖြစ်နေတာလဲ?" သူဘာမှ မလုပ်ပါဘူး၊ အဲဒါတွေအားလုံးက လွမ်ချာချာကြောင့်ပင် ။
အိမ်ထိန်းက စိတ်ပျက်သွားပေမယ့် သူထပ်ပြောဖို့ပြင်တဲ့အခါ လွမ်ချာချာက အရင်ပြောခဲ့တယ်။
"အန်ကယ်ရှင်း ၊ အစ်ကိုမိုဟန် မမှားပါဘူး၊ သူ့ကို အပြစ်မတင်ပါနဲ့၊ မဟုတ်ရင် အစ်ကိုမိုဟန်က ကျွန်မကို ပိုလို့တောင် မကြိုက်ဘဲ နေလိမ့်မယ် ။ အန်ကယ်ရှင်းက အသက်လည်းကြီးနေပြီဖြစ်ပြီး ကျွန်မအတွက် စိတ်မပူနဲ့ ၊ အစ်ကိုမိုဟန် အတွက် ကျွန်မက ကျေနပ်စရာ မဟုတ်ခဲ့ဘူး၊ ဒါကြောင့် အစ်ကို မိုဟန် သဘောမကျတာ မထူးဆန်းပါဘူး။" လွမ်ချာချာသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိမ့်လိုက်သည်။
ESTÁS LEYENDO
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author