တုကူမိုဟန်သည် နောက်လာမည့် ဆယ်နှစ်ခန့်က တစ်ရက်ကဲ့သို့ မျက်နှာကျက်ကို ကြည့်လိုက်သည်။ ထိုအချိန်က သူနိုးလာသောအခါတွင် သူရှိနေသည့် ကမ္ဘာကြီး၏အပြောင်းအလဲများကြောင်း သူတုန်လှုပ်ခြင်းကို များစွာကြုံတွေ့ခဲ့ရသည်။
ထိုကမ္ဘာတွင် သူသည် လွမ်ချာချာကို ထိခိုက်စေခဲ့ပြီး ရှန်းရှနဲ့ အရှုပ်တော်ပုံများစွာရှိခဲ့သည်။ ထိုအရာများကြောင့် သူ ကြောက်လန့်ကာ လွမ်ချာချာကို ရှာချင်ပြီး အဲဒါ "သူ" မဟုတ်ဘူးလို့ သူမကို ရှင်းပြချင်ခဲ့တယ်။
ဒါပေမယ့် လွမ်ချာချာကိုရှာဖို့ လွမ်ရဲ့အိမ်ကိုသွားတဲ့အခါ လွမ်ချာချာ ပျောက်နေတာ နှစ်အတော်ကြာနေပြီလို့ သူသိခဲ့ရတယ်။
ပျောက်နေတာ နှစ်အတော်ကြာခဲ့ပြီလား? တုကူမိုဟန်သည် ထိုသတင်းကိုကြားသောအခါတွင် လွမ်ကျူံးဖန်၏အိပ်မက်ကို နားမလည်နိုင်စွာ သတိရမိသည်။ သူ တုန်လှုပ်သွားပြီး အတွင်းရေးမှူးကို ချက်ချင်းစုံစမ်းခိုင်းလိုက်တယ်။
သူသည် အတွင်းရေးမှူးလီ၏ မဖုံးကွယ်နိုင်သော ကြည်နူးဖွယ်မျက်လုံးများကို သူမြင်လိုက်ရသည်။ အတွင်းရေးမှူးလီက ဒီကမ္ဘာကြီးမှာ အလုပ်ထုတ်ခံရခြင်း မရှိသေးတာကိုလည်း သူရှာဖွေတွေ့ရှိခဲ့ပါတယ်။
သူသည် အတွင်းရေးမှူးလိကို မဆိုင်းမတွ ထုတ်ပယ်ခဲ့ပြီး ရလဒ်ကို စောင့်ဆိုင်းရန် အလွန်စိတ်အားထက်သန်ခဲ့သော်လည်း ထွက်ပေါ်လာသည့် သတင်းမှာ ဆိုးရွားခဲ့သည်။
လွမ်ချာချာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အတွက် သူ အလွန် ဝမ်းနည်းခဲ့ရပြီး တုကူမိုဟန်က သူမနဲ့သူ အတူတကွရိုက်ထားသောဓာတ်ပုံကို အကြာကြီးကြည့်၍ မျက်ရည်များကျကာ ငြိမ်နေခဲ့ပါတယ်။
အတွင်းရေးမှူးက ဥက္ကဠကို ဂရုမစိုက်တတ်ဘူးလို့ ထင်ခဲ့ပေမယ့် တစ်ချက်ကြည့်လိုက်တော့ ဥက္ကဠက ငိုနေတယ် ။
ဓာတ်ပုံပေါ်သို့ သူမျက်ရည်များကျလာပြီး ဓာတ်ပုံထဲက တုကူမိုဟန်သည် အေးစက်စက်မျက်လုံးဖြင့်သာ စိုက်ကြည့်နေခြင်းဖြစ်သည်။ သူက အဲ့လောက်တောင် ဆိုးသွမ်းခဲ့သလား ။
VOCÊ ESTÁ LENDO
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author