Part 33.1

2.4K 198 2
                                    

တုကူမိုဟန်၏မျက်နှာသည် အေးစက်နေကာ တိတ်ဆိတ်နေ၏ ။ လွမ်ချာချာသည် သူ၏ သေခြင်းကို မကြောက်သောပုံစံအား အလွန်ပင်ထိတ်လန့်နေမိသည် ။ သူသေမှာကို မကြောက်ဘူးလား၊ ဒါက သူမ အလုပ်မဟုတ်ပေမယ့် သူကို မစည်းရုံးဘဲမနေနိုင်ဘူး ။

ဘာပဲဖြစ်ဖြစ် လက်ဖက်စိမ်းတန်ဖိုးက တော်တော်များနေပြီ။ သူမ ကြည့်ဖို့အချိန်မရှိသေးပေမယ့် အမှတ်တွေ အရမ်းများနေတာ ဖြစ်ရမယ် ။

"မင်းရဲ့ ပြင်းပြင်းထန်ထန်ပြောတာကို ငါ ထပ်ကြားတာနဲ့ ၊ မင်းကို ကုတင်ပေါ် လှဲတဲ့အထိရိုက်နှက်ပြီး ငါ ပျော့ညံ့နေမှာ မဟုတ်ဘူး" အဖိုးအိုတုကူသည် တံခါးအပြင်ဘက်တွင် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

တံခါးအပြင်ဘက်က ခြေသံကို လွမ်ချာချာကြားလိုက်သည်။ အဖိုးအိုတုကူ ထွက်သွားသံအားကြားလိုက်ရပြီး သူမ တုကူမိုဟန်ကို ပခုံးတွန့်ကာ ကြည့်၍ သူမစိတ်မလှုပ်ရှားမိအောင် ထိန်းလိုက်သည် ။

တုကူမိုဟန်က သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသဖြင့် သူမက အသက်ရှုသွင်းဖို့ နေရာမရှိတော့သလိုပဲ ခေါင်းကို လှည့်လိုက်တယ်။

လွမ်ချာချာက သူဘာတွေတွေးနေလဲဆိုတာကို လုံးဝဂရုမစိုက်ပါဘူး။ သူမ စိတ်ဆိုးချင်သော်လည်း စိတ်မဆိုးနိုင်ဘူး ။ သူမရဲ့ အဓိကတာဝန်က သူ့ကို ဒီယာဂုပန်းကန်ကို ကျွေးဖို့ပါ။

"အိုကေ၊ ဒါက အမှားတစ်ခုပဲ့မဟုတ်ဘူးလား။ မြန်မြန်စား၊ ဒါမှမဟုတ်ရင် အဘိုးက ရှင့်ကို ထပ်ခေါ်လိမ့်မယ်။" လွမ်ချာချာသည် အဖိုးနာမည်ကို မပြောချင်သော်လည်း သူက မစားရသေးသောကြောင့် သူမကို အပြစ်မတင်ပါနှင့်။

မျှော်လင့်ထားသည့်အတိုင်း တုကူမိုဟန်ကို လွမ်ချာချာက အဖိုး၏နာမည်ကိုထုတ်ပြောသောအခါ သူ့ခန္ဓာကိုယ်သည် ထိတ်လန့်သွားသည်။ သူ့မျက်နှာက ရုပ်ဆိုးနေသေးသော်လည်း လွမ်ချာချာ သက်သာရာရသွားသည်ကို မြင်လိုက်ရသည်။

ဂျုံယာဂုကို ပါးစပ်ထဲသို့ အောင်မြင်စွာ ထည့်ပြီးနောက်၊ တုကူမိုဟန်သည် လွမ်ချာချာကို ထပ်ပြီးတော့ စူးစိုက်ကြည့်နေသည်။ လွမ်ချာချာသည် တုကူမိုဟန်မှ သူမကို ပျားအုံအသိုက်ကဲ့သို့ စိုက်ကြည့်တော့မည်ဟု ခံစားမိသည်။

The Green Tea Female Partner With the Male Lead ( Complete )Donde viven las historias. Descúbrelo ahora