4(U/Z)

587 36 0
                                    

U....

ကျောင်းတက်ခေါင်းလောင်းထိုးသံကို ကြားလိုက်ရပြီ။ကျွန်တော်တို့မူလတန်းတုန်းကတော့ ဆရာကြီးက ခေါင်းလောင်းကိုအသုံးပြုခဲ့ပေမယ့်၊အခုအထက်တန်းကျောင်းမှာတော့ သံချောင်းခေါက်တယ်လို့ပဲ ကျွန်တော်တို့ပြောကြတော့တယ်။သံချောင်းသုံးချက်ခေါက်လျှင် စာသင်အချိန်ပြောင်းတာ၊အကြာကြီးဆက်ကာ ခေါက်ရင်တော့ မုန့်စားကျောင်းဆင်းတာ၊ထမင်းစားကျောင်းဆင်းတာ တစ်ခုခုပေါ့။

တဖွဲဖွဲဝင်လာကြတဲ့ကျောင်းသားတွေရဲ့ စကားပြောသံကျယ်ကျယ်တွေကြောင့် ခုံပေါ်မှာခေါင်းတင်အိပ်နေတဲ့ ကျွန်တော်လန့်နိုးလာရသည်။အိပ်ရေးမဝတာကြောင့် ကျိန်းစပ်စပ်ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း single chairတွေဘက် အကြည့်ပို့လိုက်မိ၏။

ကျွန်တော်တို့က ရွာကနေစက်ဘီးတစ်စီးနဲ့ နှစ်ရွာကျော်လောက်မှရှိတဲ့ မြို့ဆင်ခြေဖုံးအထက်တန်းကျောင်းကို လာတက်ရတယ်ဖြစ်။ကျွန်တော့်မှာ အပေါင်းသင်းမရှိတာမဟုတ်ပေမယ့်၊တသီးတသန့်ပဲနေချင်တာကြောင့် ကျောင်းသွားတိုင်းအမြဲစောကာပြန်ဖြစ်သည်။ရွာပေါင်းစုံကလူတွေအပြင်၊ရွာကတက်တဲ့သူတွေလဲ ရှိတာကြောင့် အဖော်တော့မရှားပေ။

"ခုနေ့ သူကျောင်းမလာဘူးလား.."

Singleခုံတွေက စာသင်ခန်းရဲ့အလယ်မှာ ခုနှစ်ခုံတွဲစီကာတန်းကာရှိနေသည်။ထိုခုနှစ်ခုံရဲ့အလယ်တည့်တည့်မှာတော့ နေရာလွတ်နေသည်။အဲ့ဒီနေရာမှာတော့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ၊အမြဲလိုလို မျက်နှာငယ်လေးနဲ့တစ်ယောက်တည်းနေတတ်တဲ့ကောင်လေးကို ကြည့်ရင်းအားမလိုအားမရဖြစ်ရခဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့နေတိုင်းပါပဲ။

အသားဖြူဖြူနဲ့ပိန်သေးသေးကောင်လေးကို အခြောက်ကလေး ဆိုပြီးစကြတဲ့အပေါ်လဲ စိတ်ဆိုးမာန်ဆိုး တုန့်ပြန်မှုမရှိ။အရည်ဝိုင်းနေတဲ့ မျက်ဝန်းငယ်လေးနဲ့သာ ငေးကြည့်ရင်း မျက်လွှာချသွားတတ်တယ်။ကြာတော့ ရန်စတဲ့ကောင်တွေသာမောသွားမယ်၊ဟိုကောင်လေးဘက်က မကျေနပ်ကြောင်း အရိပ်အရောင်လုံးဝမပြ။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Donde viven las historias. Descúbrelo ahora